လော့ဒေါင်းတွေ ချထားတဲ့ ရခိုင်တပြည်နယ်လုံးကို အစိုးရက ထမင်းကျွေးထားမည် (ရိက္ခာအတွက် စိုးရိမ်စရာမလို)

လော့ဒေါင်းတွေ ချထားတဲ့ ရခိုင်တပြည်နယ်လုံးကို အစိုးရက ထမင်းကျွေးထားမည် (ရိက္ခာအတွက် စိုးရိမ်စရာမလို)

ရခိုင်တစ်ပြည်နယ်လုံး Stay at Home အစီအစဉ်ထဲမှာ ပါဝင်တယ်လို့ အစိုးရက ဩဂုတ်လ (၂၆)ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အခုအမိန့်ဟာ ယနေ့ဩဂုတ်လ (၂၇)ရက်နေ့ မနက် (၈)နာရီက စပြီး အသက်ဝင်မှာပါအဲဒီ Stay Home (Semi lock down) အစီအစဉ်မှာ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အိမ်မှာပဲနေထိုင်ရမှာဖြစ်သလို မဖြစ်မနေဈေးဝယ်ထွက်ရင် တစ်ယောက်ထဲသွားဖို့လည်း စည်းကမ်းချက် ထုတ်ထားပါတယ်။

ဒါ့အပြင် ဆေးရုံဆေးခန်းသွားတဲ့အခါ တစ်အိမ်ကို (၂)ယောက်ပဲသွားဖို့ ၊နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်း (Mask) တပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ယာဉ်တွေအနေနဲ့ ရပ်ကွက်ကျော်လွန်မသွားလာဖို့လည်း စည်းကမ်းချက်တွေမှာ ပါရှိပါတယ်။အဲဒီလို Stay at Home နေထိုင်ကြတဲ့အခါ စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ ရောဂါကာကွယ်ရေးကိစ္စတွေကို အစိုးရက အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့လည်း အစိုးရရဲ့ပန်ကြားချက်မှာပါရှိပါတယ်။ အခုအမိန့်တွေကို မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ အမိန့်ကြေညာချက်အရ သိရပါတယ်။