
တနင်္ဂနွေ သားသမီး
တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်း ပေမဲ့… အခြားလူ တွေနဲ့ ကွဲပါးတဲ့ စရိုက်တွေကို ပိုင်ဆိုင်ထား သူတွေပါ… ဒါကြောင့် သူတို့ဟာ အခြား လူတွေနဲ့ ကွဲပါးနေတတ် ကြပါတယ်…
တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာ ပါကြတယ်… ဗဟုသုတကို လိုက်စားတယ်… အအိပ်မက် တယ် အစားမကြီးဘူး… ဒါပေမဲ့ ခဏ ခဏ စားနေတတ် တာမျိုး… ဒေါသကြီးပေမဲ့ ကောက်ရိုးမီး လိုမျိုး… ခဏပဲ…. ပြီးရင် သူမဟုတ် သလိုမျိုး… စိတ်ဆိုး စိတ်ကောက် လွယ်တယ်…. ဒါပေမဲ့ စိတ်ပြေလွယ် တယ်.. ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ် ကြပြန် ရော…. ချစ်သူ အပေါ် အနိုင်ယူလိုတဲ့ စိတ် ရှိတယ်… ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့ သူမျိုး… အရမ်းလည်း ချစ်တတ်ကြတယ်.. အချစ်ကြီးပြီး အချစ် အတွက်ဆို တဇွတ်ထိုးနိုင်တဲ့ သူတွေပါ.. ဒါ့ကြောင် အချစ်ရေးမှာ ကံညံ့တယ်လို့ နည်းနည်းပြောရမယ်… ဦးဆောင်လိုစိတ် ပြင်းပျတယ်.
နေရာတကာ ဆရာကြီးလုပ်တဲ့ သူမျိုး မဟုတ်ပေမဲ့ … ဦးဆောင်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိသူတွေပါ… မိသားစုကိုလည်း ချစ်တတ်ကြတယ်.. အပေါင်းအသင်း မက်တယ်…. ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က ဦးစားပေး နံပါတ် တစ် ဖြစ်ချင်တဲ့ သူမျိုးတွေပါ.. သူငယ်ချင်းတွေ အပေါ် အမြဲ အနစ်နာ ခံတတ်တယ်..ခံစားရတာ တွေကိုလည်း မျိုသိပ်ထား တတ်ကြတယ်.. ဒါကြောင့် အများရှေ့မှာ ပြုံးပျော်နေပေမဲ့ ကွယ်ရာမှာ တိတ်တိတ်လေး ကျိတ်ပြီး ခံစားတဲ့သူမျိုး တွေပါ… အထူးအခြားဆုံး အချက်က တနင်္ဂနွေ သားသမီးတွေက အစွဲအလမ်း ကြီးလွန်းတာပါပဲ…
တနင်္လာသားသမီး
တနင်္လာ
တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ်။ ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး။ မိသားစုအပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး။ အစွဲအလန်း ကြီးပါတယ်။ တစ်ယောက်ဆို တစ်ယောက် အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ်။ စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ ပြောဆိုတတ်တာ တနင်္လာပါ။
ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေး တတ်တယ်။ ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေးတတ်တယ်။ သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ် တတ်တယ်။ အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိတယ်။
စိတ်ကူး အမြင် ကျယ်တယ်။ ဗူးဆို ဖရုံ မသီးတတ်ဘူး။ ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တာ တနင်္လာပါ။ တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော်နေတတ်တယ်။ တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနားတတ်တယ်။ တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်။
သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်။လူတစ်ယောက်ကို ခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ် ကြပါတယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာ တနင်္လာပါ။ တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျ လေ့လာတတ်တယ်။
စကားပြောတဲ့ နေရာမှာ ပွင့်လင်းမှု ရှိတယ်။ ကိုယ်မကြိုက်တဲ့ အရာတွေကို ပြောချင်တဲ့ စကားရှိရင် အားမနာတမ်း တိုက်ရိုက် ပြောတတ်တာ တနင်္လာပါ။ တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှ ဂရုမစိုက်ပဲ နေသလောက်၊ မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး။ အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ။ တနင်္လာလေးတွေဟာ စိတ်ကူးယဉ် ဆန်တယ်။ အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာ နှစ်သက်တဲ့ နေ့နာမ်တွေပါ။
အင်္ဂါ သားသမီး
အင်္ဂါ
အင်္ဂါ သားသမီး အများစုဟာ သူတို့ချစ်သူ အပေါ်မှာ သစ္စာရှိကြတယ်။ ချစ်ပြီဆိုရင်လည်း နှစ်ယောက်မရှိသလို မုန်းပြီ ဆိုရင်လည်း ပြန်လှည့် မကြည့်တတ်ကြဘူး။ ပြီးတော့ သူတို့ဟာ အပြောအဆိုလေးတွေက အမြဲ ချစ်စရာ ကောင်းနေပြီး ရုပ်လေးကလည်း စွဲဆောင်မှု ရှိနေတတ်တယ်။ အင်္ဂါ သားသမီးအများစုဟာ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ပျော့ညံပြီး အလွယ်တကူ ဝမ်းနည်းတတ်ကြပေမဲ့ ဖြစ်လာသမျှ အခက်အခဲတိုင်းကို ဆုံးဖြတ်ချက် အခိုင်အမာ နဲ့ ဇွဲဝိရိယ ရှိရှိ စဉ်းစား ဆင်ခြင်ပီး ဖြေရှင်းနိုင်ကြတယ်။
အင်္ဂါ သားသမီးလေးတွေဟာ အပြင်ပန်းကြည့်ရင် ချေတယ် ထင်လောက်အောင် အပြောခံရပေမဲ့ သူ့တို့စိတ်ဟာ အမျိုးမျိုးပါပဲ ပေါင်းကြည့်မှသာ သိတာပါ။ သူ့တို့လေးတွေဟာ အထီးကျန် တတ်ကြပါတယ်။ ဒါပေမဲ့ တခါလေမကျ ဘာကိုမှ မတွေးပဲ ပျော်ပျော်နေ တတ်ကြတယ်။ သူတို့လောက် အစားအသောက် ကြိုက်တာ သူတို့ပဲ ရှိတယ်။ သူတို့ဟာ ကလေးတယောက်လို ပျော်တတ်ပေမဲ့ တခါလေကျ တယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ကြတယ်။ သူတို့မှာ ရုပ်ရည်ချောမောတဲ့အတွက် ရည်းစားရှိတယ် အထင်ခံရပီး တကယ်တမ်းကျ အချစ်ရေးမှာ ကံမကောင်းကြဘူး
ဗုဒ္ဓဟူး သားသမီးလေး
ဗုဒ္ဓဟူး
ဗုဒ္ဓဟူး သားသမီးလေး တွေကတော့ အရမ်း စိတ်ကြီးတဲ့ သူတွေ ဖြစ်ပါတယ်.. သူတို့လေးတွေက ညဏ်ကောင်းသလောက် အပျင်းကြီးတဲ့ သူတွေလည်း ဖြစ်တယ်…. ဒါကြောင့် ပညာရေးမှာဖြစ်ဖြစ် စီးပွားရေးမှာ ဖြစ်ဖြစ် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး… ဒါကြောင့် အောင်မြင်ဖို့ဆို ကြိုးစားအားထုတ်မှု လေးတွေ ရှိမှ ဖြစ်မယ်… အမှန်တရားကို လက် ခံတယ်.. ဒါပေမဲ့ သူတို့လေးတွေ ဆီမှာ ဘယ်သူကိုမှ မပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေ ရှိနေတတ်ကြတယ်…. တစ်ယောက်ထဲ နေရတာကိုပဲ သဘောကျတယ်… အပေါင်းအသင်း သိပ်မရှိပေမဲ့ မိတ်ဆွေ ပေါတယ်…. သူတစ်ပါး အကူအညီ လိုရင် ပေးတတ်ကြပေမဲ့ ကိုယ်က သူတစ်ပါးဆီကို အကူအညီ မတောင်းတတ်ကြဘူး……. (များ သောအားဖြင့်ပေါ့)
ဒါကြောင့် အားနာကြီးတယ် လို့ ပြောရမယ်.. အနုပညာ ဝါသနာကြီးတယ်… အနုပညာ ထဲမှာမှ ဂီတကို ပိုပြီး ရူးသွပ် ကြတယ်…. တစ်ခါတစ်လေ ကိုယ့်ကိုကို အထီးကျန် နေသလိုမျိုး ခံစားရတတ်တယ်…. အချစ်ရေးမှာ အသင့်သင့်ပဲ… ချစ်သူခင်သူ ပေါပေမဲ့ တစ်ယောက်ဆို တစ်ယောက် သစ္စာ ရှိတတ်ကြတယ်.. စိတ် နာသွားရင်လည်း လှည့်မကြည့် တတ်ကြဘူး… အချစ်ကို မရူးသွပ်ဘူး.. မကိုးကွယ်ဘူး…. ဒါကြောင့် အချစ်နဲ့ ပတ်သက်ပြီး အရမ်းကြီး မခံစားရတတ်ဘူး… စကားနည်း လေ့ရှိပေမဲ့ သူတို့ပြောချင်ရင် စက် သေနတ်ပစ်သလို တရစပ် ပြောနေလေ့ ရှိတယ် (သူတို့ ရင်းနှီးတဲ့ သူ တွေကိုပဲ).. ခပ်တည်တည် နေတတ်တဲ့ အကျင့်ကြောင့် မာနကြီးသလို အထင်ခံ ရတတ်တယ်…
မိသားစုမှာ ဝိုင်းပြီး ဂရုစိုက် ခံရတတ်တယ်.. စိတ်အရမ်းကြီးတယ် ဒါ့ကြောင့် ဒေါသကြီးတယ် လို့ ထင်ရတယ်.. သူတို့လေးတွေရဲ့ အထူးခြားဆုံး အချက်က လက်တွေ့ ဆန်ဆန် ဘဝကိုပဲ နှစ်သက်တတ်ကြတာပါ…
ကြာသပတေးသားသမီး
ကြာသပတေး
ကြာသပတေးသားသမီးတွေက ကိုယ့်ထက်ကြီးတဲ့ သူတွေအပေါ် အားထားနှစ်လိုစိတ် ရှိကြတယ်။ ကျောင်းသား ကျောင်းသူဘဝကို ပိုမို ပျော်မွေ့တတ်ကြတယ်။ အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာကြီးတယ်။ ရယူလိုစိတ် ထက်သန်ကြတယ်။ သူတို့ယုံကြည်တဲ့ ဆရာသမား မိဘများအပေါ် အလွန်ကောင်းကြတယ်။ ငြိမ်းချမ်းရေးကို လိုလားကြသူတွေပေါ့။ အရမ်းစိတ်ညစ်ရမဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ခွာတတ်ကြတယ်.. ပေါ့ပါးရွင်လန်း လိုစိတ် ရှိတယ်။ လွတ်လပ်စွာ နေထိုင်လိုစိတ် ရှိကြတယ်။ ဝါသနာအလျောက် ဓာတ်ပုံရိုက် ဗွီဒီယိုရိုက် မှတ်တမ်းတင်တာတွေ သဘောကြတတ်တယ်။ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင်ကြတယ်။ ကျီစယ်လိုစိတ် ရှိတတ်ကျတယ်။ အသိဉာဏ်ရှိတယ်။ ဗဟုသုတအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထက်မြက်တယ်။ လုပ်ငန်းပိုင်းတွေမှာ လုပ်ရင် တော်တယ် ထက်တယ်။ မျော်လင့်ချက်ကြီးတယ်။ အကူအညီးပေးတဲ့ အလုပ်တွေ လုပ်တာ ဝါသနာပါတယ်။
မာနကတော့ အရမ်းမကြီးဘူး။ စိတ်မရှည်တတ်ဘူး။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည် လွယ်တတ်တယ်။ ရှုပ်ပွေတာကို မုန်းတယ် သစ္စာတရားကို တန်ဖိုး ထားတတ်တဲ့စိတ် အပြည့်ရှိတယ်။ ပညာရေး ကောင်းတယ်။ ရုပ်ချောချော မချောချော စတိုင်ရှိခေတ်မှီနေရင် ငယ်ရွယ်ပြီး သွက်လက်တဲ့ သူတွေကို သဘောကြနှစ်သက်ကြတယ်။ ခေတ်မှီ စတိုင်ရှိနေတဲ့သူတွေဆိုရင် မေတ္တာသက်ဝင် ချစ်ခင်မိတတ်တဲ့ ခလုတ်လေးက မွေးရာပါ ပါလာတဲ့သူမျိုး။ ရောဂါခံစား ရလွယ်တယ်။ သူတို့ဟာ ငယ်ရွယ်ချိန်မှာဆို စကားပြောနှေးတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးတတ်ကြတယ်။
အသက်ကြီးချိန်ဆို သတိထားကြတာ အကောင်းဆုံး။ မတော်တဆမှု ဖြစ်လွယ်တယ်။ စိမ်းစိုနေတဲ့နေရာကို နှစ်သက်ကြတယ်။ သံယောဇဉ် ကြီးတယ်။ စိတ်ရှည်သည်းခံ တတ်တယ်။ ပြတ်သားတယ်။ ဘဝကိုပြည့်စုံအောင် ဖန်တီးတတ်ကြတယ်။ ပညာနဲ့ ပတ်သတ်လာရင် ကြီးကြီးသေးသေး လေ့လာတယ် လိုက်စားတယ်။ အတွေးအမြင်က ခိုင်မာတယ်။ မိမိနဲ့ သိပ့်ဟန်မကျရင် ဖျက်ဆီးတတ်တယ်။ ထိမ်းသိမ်းတာကို ဝါသနာပါတယ် လုပ်ရည်ကိုင်ရည်ရှိတယ်။ အဖွဲ့အစည်းနဲ့ဆိုရင် ခေါင်းဆောင်ပိုင်းမျိုးကိုမှ နေရာယူတတ်တယ်။
လျို့ဝှက်ပြီး နေတတ်တယ်။ သိုသိပ့်ကျစ်လစ်တယ်။ ကိုယ့်ရဲ့ခံယူချက်ကို သူများနဲ့ထပ်ကျ အောင်လုပ်ဆောင်တတ်တယ်။ သူတစ်ပါး ဒုက္ခပေးတာ အကြိမ်ကြိမ် ခံရတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က ရန်လိုတိုက်ခိုက်လာရင် သိုသိပ့်ပီး ထိုးနှက်တတ်တယ်။ ရှောင်ရှားတတ်တယ်။ ကိုယ်နဲ့ဆက်ဆံ ပြောဆိုနေကျတဲ့ သူတွေကို သူတို့ အလေ့အကျင့်အတိုင်း လိုက်လျော နေတတ်တယ် သိတတ်တယ်။ လူချစ်လူခင် ပေါများတယ်။
အချစ်ကြီးတယ် အမြတ်လဲကြီးတယ်။ သစ္စာရှိတယ် ကတိတည်တယ်။ စိတ်ရှည် သည်းခံတယ်။ မိသားစုအပေါ် အရမ်းသိတတ်တယ်။ မိဘတွေက အားကိုးကြတယ်။ နှစ်လိုတယ် အပေါင်းအသင်းပေါများတယ်။ မာနကြီးတယ် ထင်ရပေမဲ့ ပေါင်းမိရင် အရမ်း စိတ်သဘောထား ပြည့်ဝတတ်တယ်။ အချစ်ရေးအတွက်ကတော့ အဆင်ပြေပါတယ်။ ကောင်းမွန်တဲ့ဘဝနဲ့ အချစ်ရေး သင့်မြတ်နေသူပါပဲ။
သောကြာ သားသမီး
သောကြာ
သောကြာ သားသမီးလေး တွေကတော့ အရိုးသားဆုံး သူလေးတွေပါ… သူတို့ဟာ အရာရာကို အလေးအနက် ထားတတ်ကြတယ်.. အပျင်း မကြီးတတ်ဘူး… အစား မမက်ဘူး.. တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်ကြတယ်.. မိသားစုအပေါ် အမြဲ အနစ်နာခံ တတ်တဲ့ သူတွေပါ….. သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲ ကြတယ်.. စိတ်တို လွယ်သလို စိတ်ပြေလည်း လွယ်တယ်…. ဒေါသမကြီးပေမဲ့ အငြိုးအတေး ကြီးတတ်ကြတယ်… တစ်ခုခုဆို ခံစား လွန်းတတ်တယ် မျက်ရည်လွယ်တယ် ကိုယ် ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တဲ့ သူမျိုး….
သိုသို သိပ်သိပ် နေတတ်ကြတယ်… လောဘမကြီးဘူး…… အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး…. ကိုယ်ချစ်တဲ့သူက… ကိုယ့်ကို အမြဲ စိတ်ဆင်းရဲ စေတတ်တယ်… ခေတ်မှီမှီ နေခြင်းထက်… ရိုးရိုးလေး နေတာကို ပိုသဘောကျ တတ်တယ်… ဒါပေမဲ့ သူ့နေရာနဲ့သူ… ဝတ်တတ် စားတတ်တယ်… မုသား မပြောတတ်ဘူး.. သူငယ်ချင်းတွေ ထဲမှာလည်း အမြဲ အနစ်နာ ခံတတ်တယ်….. ချစ်သူပဲ ဖြစ်ဖြစ် မိသားစုပဲ ဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲ သူတို့ကပဲ အနစ်နာခံ တတ်ကြတယ်… အချစ်ဦးမှာ ကံအရမ်း ဆိုးတတ်တယ်.. တစ်ယောက်တည်း နေရတာကို သဘောကျတယ်.. သီချင်းလေးတွေကသာ သူတို့ရဲ့ အဖော်ဖြစ်တယ်.. စိတ်ကူးယဉ် တတ်တယ်… တစ်ခုခုဆိုလဲ အရမ်း စိုးရိမ်လွန် တတ်တယ်… သောကြာ သားသမီးလေးတွေရဲ့ အထူးခြားဆုံးက အနစ်နာ ခံနိုင်တာပါ…
စနေသားသမီး
စနေ
စနေသားသမီး တွေက လူ့ဘဝကို စရောက်ပီ ဆိုကတည်းက စိတ်ကြီးတတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထုတခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။ ပြောချင်တဲ့စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ အစွဲအလန်း ကြီးတယ်။ အမှတ်တရတွေကို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြဘူး။ ဒေါသကြီးရင်လည်း သူများနဲ့ မတူအောင်ပါပဲ။
စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ အချိန် ခနလေးနဲ့ ဒေါသအရမ်း ထွက်တတ်ပေမဲ့ ဟုန်းခနဲ ထတောက်တဲ့ မီးလို ဒေါသတွေက ခနပဲ။ ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ်။ သနားတတ်တဲ့ စိတ်ထားရှိကြတယ်။ မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား အပြည့်အဝ ရှိတယ်။
အနေအေးပေမဲ့ ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာ နေတတ်ပါတယ်။ သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်ကြတယ်။ မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေပါ။ စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး ဖွင့်ပြောမိတတ်တယ်။ ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပီး စိတ်မကောင်း ဖြစ်နေတတ်တာလည်း စနေပါဘဲ။ ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ရန်ဖြစ်ပီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင်စ မခေါ်ချင်ကြဘူး မာနအိုးတွေပါ။ သူ့ဘက်က စခေါ်ပီဆိုရင်လည်း သူ့ထက် 2 ဆ ခင်မင်ပြတတ်တယ်။
ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။ အချို့သော အရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့ အရာတွေကို အကောင်းပြောလည်း ခံချင်ကြပါတယ်။ သီချင်းတွေ ဒဏ္ဍရီစိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုးအထအန ကောက်တတ်ကြတယ်။ အမျှော်အမြင်ကြီးတယ် တိုးတက်ချင်တဲ့ စိတ်တွေ အင်မတန် ရှိတယ်။ စိတ်သဘောထား ကောင်းတတ်ကြတာ စနေပါ