“လမ်းဖယ်ပေးကြပါခင်ဗျာ… ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို အကူအညီပေးကြပါ…” ရဲအုပ်နေဇော်က ဝိုင်းအုံနေသောလူအုပ်ကြီးကို တောင်းပန်စကားဆိုရင်း လူအုပ်ကို တောင်းပန်ကာ တိုးဝင်လိုက်သည်။ “လမ်းဖယ်ပေးလိုက်ကြဦး..ဗိုလ်ကြီးတို့ကို …”ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း စိတ်ဝင်တစား ဝိုင်းအုံကြည့်နေကြသော သူ့ရပ်ကွက်မှ လူအုပ်ကြီးကို အရန်မီးသတ်များအကူအညီဖြင့် လမ်းဖယ်ပေးလိုက်သည်။ လူအုပ်ကြီး အလယ်တွင်ကား အလောင်းတစ်လောင်း… တိတိကျကျ ပြောရလျှင်တော့ အမျိုးသမီးအလောင်း တစ်လောင်း။ အသက်က (၂၀)ကျော်လေးပဲရှိဦးမည်.။ ရုပ်က တော်တော်ချောသည်။ နှမျှောစရာကြီးကွာဟူသော ယောင်္ကျားလေးတစ်ချို့၏တိုးတိုးပြောသော အသံကိုလည်း ကြားရသည်။
အဝတ်အစားတွေက လည်း တွန့်ကျေခြင်းအလျင်းမရှိ။ တစောင်းအနေအထားဖြင့် လဲကျနေသည်။ ရဲအုပ်နေဇော်စိုးက အလောင်းကို စေ့စေ့စပ်စပ် ကြည့်ရှုနေစဉ် တပ်ကြပ်ကြီးရဲမြင့်ကလည်း အလောင်းအနေအထားကို ဓါတ်ပုံရိုက်ကူးနေသည်၊ အလောင်းဘေးနားမှာ တရှုံ့ရှုံ့ငိုနေသော သူမ၏မိခင်ဖြစ်ဟန်တူသည့် အသက်(၅၀)ခန့် အမျိုးသမီးကြီးတစ်ဦးနှင့် မငိုသော်လည်း ဝမ်းနည်းမှုကို အနိုင်နိုင်ထိန်းချုပ်နေရသည့် သူမ၏ ဖခင်ဖြစ်ဟန်တူသူတစ်ဦး။ “အုပ်ချုပ်ရေးမှူးကြီးရေ..ဒီအလောင်းကို မနက်ဘယ်အချိန်မှာစတွေ့တာလဲ..” မနက်(၅)နာရီလောက်မှာ လမ်းလျှောက်ထွက်လာတဲ့ လူတွေက မြင်တာပါ.. စမြင်တဲ့သူကရော… ခေါ်ပေးလို့ရပါတယ်ဗိုလ်ကြီး” ရပ်ကွက်အုပ်ချုပ်ရေးဖြစ်သူဦးဝင်းမောင်က “မောင်ကို ကိုခေါ်ပေးကြီဦး.. ဗိုလ်ကြီးက မေးစရာရှိလို့တဲ့…” လူအုပ်ထဲမှ အသက်(၁၈)နှစ်ခန့် ကောင်လေးတစ်ယောက်ထွက်လာသည်။ “ညီလေး…မနက်က ဒီအလောင်းကို ဘယ်လိုတွေ့တာလဲ…” “ဒီလိုပါ…ဗိုလ်ကြီး..ဆောင်းရာသီဆို မနက်တိုင်းကျွန်တော်က (၄)နာရီလောက်ဆို အပြေးလေ့ကျင့်နေကြပါ.. ဒီနေ့ကျမှ မြူတွေဆိုင်းတာများလို့ နည်းနည်းနောက်ကျနေတာပါ…
အဲ့ဒါလမ်းထိပ်ကို ရောက်တော့ လမ်းလယ်ခေါင်မှာ ဒီအလောင်းကိုတွေ့တာပါ.. တွေ့တွေ့ချင်းပဲ.. ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ကိုသွားပြီး သတင်းပို့ခဲ့ပါတယ်.” “အေး.အေး..ဟုတ်ပါပြီကွား.. လိုအပ်ရင်ထပ်ခေါ်မယ်နော်.. ညီလေး” ရဲအုပ်နေဇော်က ထိုလူငယ်ကို ပြုံးပြပြီး ပြန်ပြောလိုက်ပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ မိဘဖြစ်သူများဟု ထင်ရသော အမျိုးသားနှင့် အမျိုးသမီးကြီးကို ဆက်မေးပါတယ်။ “ဟိုလေ..ဒီကသေနေတဲ့ ကောင်မလေးနဲ့ အန်တီတို့နဲ့ ဘာတော်လဲခင်ဗျ..” “အန်တီတို့သမီးလေးပါ… သားရယ်…ဟင့်ဟင့်” ထိုအန်တီကြီးက အသံများပင်တုန်ပြီး.. မျက်ရည်များက ပိုးပိုးပေါက်ပေါက်ကျလာသည်။ “နာမည်က.. သီရိပါ…အသက်က(၂၀)ပဲ ရှိပါသေးတယ်.. မိဘကို လုပ်ကျွေးနေတဲ့ သမီးလေးပါသားရယ်… အန်တီသမီးကို သတ်သွားတဲ့ တရားခံကို မြန်မြန်ဖော်ထုတ်ပေးပါနော်… ဟင့်ဟင့်” ရဲအုပ်နေဇော်က ထိုအန်တီကြီးနှင့် သူမခင်ပွန်းဖြစ်သူကို သူမနှင့်ပတ်သက်သည့် သူသိလိုသော အချက်အလက်များကို ဆက်လက်မေးမြန်းလိုက်သည်။ အလောင်းကို တွေ့ရှိရာနေရာအား မှုခင်းဖြစ်စဉ်ကျ မြေပုံကြမ်းရေးဆွဲခြင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီးနောက် မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့မှ ရင်ခွဲစစ်ဆေးရန် လူနာတင်ယာဉ်ဖြင့် တင်ဆောင်ပြီး မြို့နယ်ဆေးရုံသို့ အလောင်းကိုသယ်ဆောင်ခဲ့ကြသည်။ ဒီလိုဖြစ်တာ ဒီလပိုင်းအတွင်း အဆန်းသိပ်မဟုတ်တော့။ ရဲအုပ်နေဇော်က လွန်ခဲ့တဲ့လကမှ ပြောင်းလာတာ။ သူပြောင်းလာပြီးနောက်ပိုင်း ဒီအမှုမျိုးတွေက ဆက်တိုက်ဖြစ်နေသည်။
သတ်ခံရသော ကောင်မလေး(၄)ယောက်ရှိပြီ။ တစ်ပုံစံထဲပင် လည်ပင်းကိုမာကျောသော အရာတစ်ခုခုဖြင့် ရိုက်ခံရပြီး လည်ပင်းကျိုးသေဆုံးခြင်းဖြစ်သည်။ ဖြစ်တာကလည်း စနေနေ့ တွေချည်းပင်။ သတ်ခံရသော ကောင်မလေးတွေက ဒီလိုအရွယ်တွေချည်း။ အထက်ကလည်း သူ့ကိုဖိအားပေးလှပြီ။ ရဲသင်တန်းကျောင်းတက်ခဲ့စဉ်က ထူးချွန်ဆု ရထားသော ရဲအုပ်နေဇော်အဖို့ ဒီလူသတ်သမားသည် သူ့ကိုစိန်ခေါ်နေသယောင် ခံစားရသည်။ ကြည့်ရတာတော့ စိတဇ္ဇလူသတ်သမား ဖြစ်ဖို့များသည်။ အသတ်ခံရသော အချိန်တွေက ည(၁၀)နာရီဝန်းကျင်လောက်တွင် အသတ်ခံရသူတွေချည်း။ ယခုအသတ်ခံရသော ကောင်မလေးက ကျူရှင်ဆရာမလေး။ မနေ့ညက ညပိုင်းကျူရှင်သင်ပြီး အပြန်တွင် အသတ်ခံရခြင်း ဖြစ်သည်။ ဒီအမှုကို သူမြန်မြန်ဖော်နိုင်မှဖြစ်မည်။ ဟူး..ရဲအုပ်နေဇော်ကားထိုင်ခုံပေါ်တွင်ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်..။
“မောင်မြိုင်ရေ… ကိုယ့်ကိုရေတစ်ခွက်လောက် ခပ်ပေးပါလားကွာ..” “ဟုတ်..ဗိုလ်ကြီး.” တပ်သားလေးမောင်မြိုင်ခပ်ပေးလာသော ရေကို နေဇော် မော့သောက်လိုက်သည်။ ရင်ထဲတော့ အနည်းငယ်အေးသွားသယောင်ခံစားရသည်။အနည်းငယ် အမောပြေမည်မှ မကြံရသေး စခန်းထဲသို့ စာရွက်တစ်ရွက်ကိုင်ကာဝင်လာသော မြို့နယ်ရုံးမှ ဒုရဲအုပ်ဝေထွန်းကိုတွေ့လိုက်ရသည်။ ကိုဝေထွန်းလာလျှင် တစ်ခုမဟုတ်တစ်ခု အလုပ်ကပါလာမည်ဆိုတာ သိပြီးသားမို့ ရင်မောသွားသည်။ “ကဲ..ကိုဝေထွန်း..ဘာမှုလဲသာပြောတော့…” “ဟီးဟီး..ဗိုလ်ကြီးက ကျွန်တော်လာရင်ကို သိနေတော့တာ…” ဒုရဲအုပ်ဝေထွန်းက သူ့ထံကို မြို့နယ်ရုံးမှ ညွှန်ကြားချက်တစ်ခု ပေးသည်။ တရားခံပြေးကိစ္စ.. သူတာဝန်ကျနေသော မြို့လေးသို့ ထွက်ပြေးတိမ်းရှောင်လာသည်တဲ့..။ ခိုးမှုပေါင်း မြောက်မြားစွာနှင့် အလိုရှိနေသောသူ။ လွန်ခဲ့သော (၂)နှစ်ခန့်က ထိုသူ၏ပွဲများကို သူပင် စွဲလန်းနှစ်ခြိုက်စွာ ကြည့်ခဲ့ဖူးသော လက်ဝှေ့သမားတစ်ဦး။ ထွန်းထွန်းအောင်ဆိုလျှင် မြန်မာ့လက်ဝှေ့လောကမှာ ရုံဝင်ကြီး ကြေးကြီးပေးပြီးဝင်ကြည့်ရသည်။
နောက်ပိုင်း ဘယ်လိုဖြစ်သွားသည်မသိ။ လက်ဝှေ့လောကမှ ကျောခိုင်းသွားပြီး သူခိုးတစ်ယောက်အဖြစ် ကျင်လည်နေတာ တွေ့တော့ သူယုံပင် မယုံနိုင်။ ဘာကြောင့်မှန်းမသိ ဒီလိုလူတစ်ယောက် သူခိုးဖြစ်သွားတာကို သူအံ့သြနေမိသည်။ အင်းလေ။ ဒါတွေငါနဲ့မဆိုင်ပါဘူးလေဟု တွေးပြီး နေဇော်တစ်ယောက် အတွေးနယ်ချဲ့နေသဖြင့် ဝေလင်းသူ့ကိုနှုတ်ဆက်ပြီး ပြန်သွားတာကိုပင် မသိလိုက်။ ဒီလိုအချိန်မျိုးမှာ ဇနီးသည်ကိုလွမ်းမိသည်။ ဇနီးသည်ကား ကျောင်းဆရာမတစ်ယောက် ဖြစ်သဖြင့် တခြားမြို့မှာတာဝန်ကျနေသည်။ ကျောင်းပိတ်ရက်များမှာတော့ သူမလာမည်ဟု ထင်မိသည်။ ဇနီးသည် သဇင်ကား ရိုးသား အေးဆေးပြီး မိန်းမကောင်းပီသသဖြင့် သူသဇင်ကို စိတ်ချတယ်လေ။ ကျောင်းတုန်းက သဇင်ကို သူငယ်ချင်းတွေ ဘေးတီးမြောက်ပေးမှုကြောင့် နောက်ကလိုက်ပြီး ရီးစားစကား ပြောစဉ်က သူဒူးတွေ တုန်နေတာကို သတိရမိပြီးပြုံးမိသည်။ ‘လွှမ်းတယ်…သဇင်ရေ.. မင်းအသံလေးကို ကြားချင်တယ်….’ စောစောက အမှုပေါင်းသောင်းခြောက်ထောင် တက်သော်လည်း ပြုံးနေသည့် သူ့စခန်းမှူး နေဇော်ကို ကြည့်ပြီးတပ်သား မောင်ခိုင်တစ်ယောက် နားမလည်နိုင်စွာ ဖြစ်နေရတော့သည်။
“ရှင်သွားတော့မှာလား… ” အင်္ကျီပြင်ဝတ်နေသော ထွန်းထွန်းအောင်ကို ကိုယ်လုံးတီးနဲ့ အမျိုးသမီးက နောက်မှ ဖက်ပြီးပြောလိုက်သည်။ ထွန်းထွန်းအောင်က ထိုအမျိုးသမီးလက်များကို သူ့လက်များဖြင့်ကိုင်ပြီး အသာအယာဆွဲခွာလိုက်သည်။ “အင်း…ကျုပ်သွားမှဖြစ်မယ်…” သူ့ပိုက်ဆံအိတ်ထဲမှ ငွေတစ်ထပ်ကိုဆွဲထုတ်လိုက်ပြီး ထိုအမျိုးသမီးကိုပေးလိုက်သည်။ အမျိုးသမီးက သူ့ငွေများကိုယူပြီး.. သူ့ကို ပိုက်ဆံတစ်ဝက်ကို ပြန်ပေးသည်။ သူထူးဆန်းသွားသည်။ “ဘာဖြစ်လို့လဲ..ခင်ဗျားက…” “ရှင့်ကိုကျွန်မသိတယ်..” အမျိုးသမီးကပြုံးပြီးပြန်ပြောလိုက်သည်။ သူထူးဆန်းသလို ကြည့်မိလိုက်သည်။ “ဟင်း..ရှင်ကသာ,ကိုယ့်ကိုကိုယ်သတိမထားမိတာ. ရှင်ထွန်းထွန်းအောင်မှန်း သိတယ်.. ကျွန်မက ရှင့်ပရိပ်သတ်ရှင့်..” အမျိုးသမီးက အဝတ်အစားများကို ပြန်ဝတ်ရင်း သူ့ကိုပြောနေခြင်းဖြစ်သည်။ “ရှင်ဘယ်လိုဖြစ်သွားတာလဲရှင်…ကျွန်မကတော့ရှင့်ကိုကြိုးဝိုင်းထဲမှ မြင်နေရတာကိုသဘောကျတယ်.. ဒီကို ရှင်ရောက်လာတာ ဘယ်သူ့ကိုမှ မပြောပါဘူး…ခ်ခ်.. ရှင်ဘာတွေဖြစ်ခဲ့သလဲတော့ မသိဘူး…” “ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ဗျာ…” ထွန်းထွန်းအောင်ကား အဝတ်အစားများ ဝတ်ပြီးသောကြောင့် အခန်းပြင်သို့ ထွက်လိုက်ပြီး… အခန်းတံခါးကိုပြန်စေ့ပေးထားခဲ့သည်။ မတွေ့ရတာ ကြာသော မိန်းမတစ်ယောက်၏ အထိအတွေ့ကို ခံစားလိုက်ရတာရယ်။
ကောင်းကောင်းအိပ်စက်လိုက်ရတာရယ်ကြောင့် သူအင်ပြည့်အားပြည့်ဖြစ်နေပြီ။ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး လမ်းမပေါ်သို့ သူထွက်ခဲ့သည်။ အချိန်ကား ည(၁၂)နာရီခန့်ရှိနေပြီ။ လမ်းမပေါ်တွင် လူရှင်းနေပြီ.။ မှုန်ပျပျ လမ်းမီးအလင်းရောင်အောက်မှာ သူလမ်းလျှောက်နေရင်း သူ့အဖို့ ဒီညလမ်းပေါ်မှာပဲ အချိန်ကုန်ရတော့မှာကိုတွေးမိနေသည်။ အမှန်တကယ်တော့ ဟိုအမျိုးသမီးပြောသလို သူဖြစ်ချင်ပါသည်။ ဒါပေမဲ့ ဘဝအခြေအနေက မပေးတော့။ မိန်းမယုတ်တစ်ယောက်ကြောင့် သူ့ဘဝပျက်ခဲ့ရတာကို တွေးမိတိုင်း သူစိတ်နာမိသည်။ လမ်းထိပ်တွင် လူရှင်းနေသော်လည်း ဈေးဆိုင်တစ်ဆိုင် ဖွင့်နေတာတွေ့သည်။ သူအပျင်းပြေသောက်ဖို့ ဆေးလိပ်လေးတော့ဝယ်လို့ ရနိုင်ကောင်းရဲ့လို့ တွေးမိပြီး ဆိုင်ရှိရာဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်တော့သည်။ ဆိုင်ရှေ့သို့ သုတ်သုတ်လျှောက်လာသော ထွန်းထွန်းအောင်သည် ဆိုင်ထဲမှထွက်လာသော သူတစ်ယောက်နဲ့ မတော်တဆတိုက်မိသွားသည်။ အနွေးထည်ခေါင်းစွပ်နှင့် လူတစ်ယောက်…. နှစ်ယောက်လုံး အနည်းငယ်ယိုင်သွားသည်။ ထွန်းထွန်းအောင်က ထိုလူကို တောင်းပန်လိုက်သည်..။
“ဆောရီး..” သူ့လိုပဲညဖက်လမ်းပေါ်လျှောက်သွားနေသော သူတစ်ယောက်ဖြစ်ဟန်တူသည်.။ ထိုသူက.. “ရတယ်” လို့ပြောပြီး… လမ်းများပေါ်ဆီ ဆက်လျှောက်သွားသည်။ ထူးတော့ထူးဆန်းသည်… ထွန်းထွန်းအောင်စိတ်ထဲ တစ်စုံတစ်ခုကို ခံစားလိုက်ရသလိုမျိုး။ ဘယ်လိုခံစားချက်ဆိုတာ သိသည်..။ လက်ဝှေ့ကြိုးဝိုင်းထဲတွင် ကြောက်စရာကောင်းသော ပြိုင်ဘက်တစ်ယောက်နှ်င့် တွေ့ဆုံယှဉ်ပြိုင်ရစဉ် ခံစားရသောခံစားချက်မျိုး။ ထူးတော့ ထူးဆန်းသည်။ ဒီခံစားချက်မျိုးကို သူလက်ဝှေ့ကြိုးဝိုင်းထဲမှာမှ ခံစားရသည်။ ယခုက… စိတ်ထင်နေလို့ပဲဖြစ်မှာပါပဲလေ.. ဟုသူတွေးမိသည်။ အလင်းရောင်မှုန်ပျပျလေးရှိနေသော ဆိုင်ထဲသို့ သူဝင်လိုက်သည်။ ဆိုင်ရှင်ကား အိပ်ငိုက်နေပြီ။ “ဆေးလိပ်တစ်ဗူးလောက်ရောင်းပေးပါဦး..အကို…” စကားသံကြောင့်ဆိုင်ရှင်အိပ်ငိုက်နေရာမှ နိုးလာသည်။ “သြော်…အေးအေး…” ဆိုင်ရှင်က သူ့ကိုဆေးလိပ်တစ်ဗူးထုတ်ပေးသည်။ ထွန်းထွန်းအောင်က ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံထောင်တန် တစ်ရွက်ကိုထုတ်လိုက်သည်။ လက်ကျန်ငွေကြေး အနည်းငယ်ရှိပေမဲ့ တည်းခိုခန်းမှာတော့ သွားအိပ်လို့မဖြစ်။ အချိန်မရွေး ရဲကလာကုတ်နိုင်သည်။ ဆေးလိပ်ကို တစ်ချက်ရှိုက်လိုက်ပြီး ဆိုင်ရှင်ကို စကားပြောလိုက်သည်။ “အကို…မြို့ထဲမှလူရှင်းလှချည်လား…” “ညီလေးကဧည့်သည်ထင်တယ်… အပြင်သိပ်မထွက်နဲ့ ညီလေး.. အခုကမြို့ထဲမှ လူသတ်သမားတစ်ယောက်လက်ချက်နဲ့ ကောင်မလေးတွေ သေတယ်.. ဒီနေ့စနေနေ့ပဲ ညီလေး… ဒီနေ့လို စနေနေ့ညတွေမှပဲဖြစ်တာ… ညီလေးတည်းတဲ့နေရာကို မြန်မြန်ပြန် အန္တရာယ်ရှိတယ်” “ဟင်…” ထွန်းထွန်းအောင်အံ့သြသွားသည်။ ဆိုင်ရှင်က ရှင်းပြတာကို သူပါးစပ်အဟောင်းသားဖြင့် နားထောင်နေမိသည်။ မကြာမီ သူလည်းဆိုင်ထဲမှ ထွက်လာတာနဲ့ ဆိုင်ကိုဆိုင်ရှင်ပိတ်လိုက်တာကို သူတွေ့လိုက်ရတော့သည်။
နန်းမြတ်သီရိကား အိမ်တံခါးများကို အသာအယာ စေ့ပိတ်လိုက်သည်။ အဘွားဖြစ်သူ ဒေါ်နန်းထွေးကား အခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ။ မိဘများမရှိတော့သည့်ဘဝမှာ အဘွားဖြစ်သူဟာ သူမအတွက်တော့ တစ်ဦးတည်းသော တွယ်တာစရာ။ မိဘများထားခဲ့သော အမွေတွေကလည်း သူမတစ်သက်ပင် စားမကုန်။ ဖေဖေနှင့်မေမေ ကားမှောက်ပြီး ဆုံးပါးသွားကတည်းက သူမဘဝအထီးကျန်ခဲ့သည်။ ရန်ကုန်မှာ သူမတစ်ဝမ်းကွဲမမ ရိုစီ ရှိသော်လည်း ဘွားဘွားက မပတ်သက်စေချင်။ မမ ရိုစီကား အကျင့်သိပ်မကောင်း။ ရန်ကုန်မှာ ကျောင်းတက်စဉ်က မမရိုစီတို့အတွဲကို ခဏခဏတွေ့သည်။ သူ့ရည်းစားက လက်ဝှေ့သမားတစ်ယောက်ပင်။ ထွန်းထွန်းအောင်တဲ့။ မမရိုစီက မိတ်ဆက်ပေးသေးသည်။ ကိုထွန်းထွန်းအောင်က သဘောကောင်းသည်။ အားကစားသမားတစ်ယောက်မို့ ကိုယ်လက်လည်း ကြံ့ခိုင်သည်။ နောက်မှသိသည်။ မမရိုစီသည် ကိုထွန်းထွန်းအောင်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုထွန်းထွန်းအောင် တော်တော်ပျက်စီးသွားသည်လို့ သိရသည်။ ရန်ကုန်မှ သူမသူငယ်ချင်းတစ်ယောက်မှ ပြောသဖြင့် သိရခြင်းဖြစ်သည်။ ကိုထွန်းထွန်းအောင်ကို သူမသနားမိသည်။ ထိုသို့ဖြစ်ချိန်တွင် သူမရန်ကုန်မှာ မရှိတော့။ မိဘများဆုံးပါးသွားသဖြင့် နယ်ပြန်ရောက်နေချိန်။ ကိုထွန်းထွန်းအောင်ကို သူမအကိုတစ်ယောက်လို ချစ်သည်။ မမရည်းစား ဘဝမှာတင် ကိုထွန်းထွန်းအောင်ကို မမထက်ပင် ရင်းနှီးစွာနေခဲ့သည်။
ယခုတော့ သူမကလည်းနယ်မှ မိဘတွေဆုံးပါးပြီး ဖွားဖွားကိုစောင့်ရှောက်ရန် နယ်မှာ တစ်သက်လုံးနေတော့မည်ဟု ဆုံးဖြတ်ပြီး ကျောင်းဆရာမတစ်ယောက်ဖြစ်နေပြီလေ.။ အတွေးများနှင့် နယ်ချဲ့နေမိသည်။ ညတိုင်း သူမအနေဖြင့် အိပ်ယာမဝင်ခင် ရေလေးတော့ချိုးလိုက်ရဦးမှ။ ချိုးစရှိသဖြင့် ယခုလိုဆောင်းရာသီမျိုးမှာပင် ရေနွေးလေးနှင့် စပ်ပြီးချိုးဖြစ်သည်။ အိမ်အောက်ထပ်က အခန်းထဲကိုဝင်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ ကိုယ့်အိမ်နှင့်ကိုယ်ဖြစ်သဖြင့် အဝတ်အစားများကို ချွတ်ပြီး အသင့်ယူလာသောရေနွေးဗူးကို ရေချိုးကန်ထဲ ထည့်လိုက်သည်။ ပြီးတာနဲ့ရေကို အနည်းငယ်ထည့်လိုက်သည်။ ရေမစိမ်ခင်.. သူမကိုယ် သူမကိုယ်လုံးပေါ် မှန်ထဲကြည့်မိလိုက်သည်။ စွင့်ကားသော တင်သားများက သူမ၏သိမ်သောခါးကြောင့် ပိုပြီးပေါ်လွင်နေသည်။ ဖြူဖွေးသွယ်လျသော ပေါင်တံနှစ်ချောင်းအလယ်မှာ မို့မို့ဖောင်းဖောင်းလေး ဖြစ်နေသည့် ရတနာရွှေကြုတ်လေး၊ သူမရင်သားတွေကလည်း တင်းရင်းပြီး နို့သီးလေးတွေက ပန်းရောင်လေးထနေသည်။ သူမလည်ပင်းမှ အကြောစိမ်းလေးတွေကိုကြည့်ပြီး သူမသဘောကျစွာ ပြုံးလိုက်သည်။ ရုပ်ချောပြီး အေးဆေးတည်ငြိမ်သော အလှက မြို့ထဲက ပုရိသတွေကို ရင်ဖိုစေတာ သူမအသိ။
ဒေါ်ထားထား. အိမ်ထဲမှ ကောင်မလေး ရေချိုးနေတာကို ကြည့်ပြီး လမ်းပြင်အမှောင်ရိပ်ထဲမှ လူကဖြေးညှင်းစွာ ရေရွက်လိုက်သည်။ ကောင်မလေးရဲ့ အလှအပတွေကိုကြည့်ပြီး သူ့စိတ်ထဲတွင် ကောင်မလေးအပေါ် တိမ်းညွှတ်မှုအလျဉ်းမရှိ။ ဒီလိုလှနေလျှင် ဒီကောင်မလေးကို အေးချမ်းသော နေရာသို့ ပို့ပေးရမည်။ သူ့လက်တွေ တစ်ဆတ်ဆတ်တုန်လာသည်။ ဒီလိုချောလှနေတဲ့ ကောင်မလေးတွေက လောကကြီးကို ဖျက်ဆီးနေတဲ့သူတွေပဲလို့ သူတွေးမိသည်။ ပြောရလျှင်တော့ သူ့မိထွေးဒေါ်ထားထားလိုပေါ့။ လွန်ခဲ့သောနှစ်ပတ် စနေနေ့ည လမ်းပေါ်တွင် ဒေါ်ထားထားကို တွေ့လိုက်ရသဖြင့် သူအပျောက်ရှင်းခဲ့ရသေးသည်…။ ဒေါ်ထားထားက အော်ပင်မအော်နိုင်..။ သူဘယ်လောက်သတ်သတ် ဒေါ်ထားထားက မသေနိုင်သဖြင့် သူတော်တော် ဒေါသထွက်လာသည်။ မိန်းမယုတ်… သေကိုမသေနိုင်ဘူးဟု ရေရွက်လိုက်သည်။ ပြောရလျှင်တော့…။ သူငယ်စဉ်က မိခင်ဖြစ်သူ ဆုံးပါးသွားသဖြင့် မိခင်၏ချစ်ခြင်းမေတ္တာကို မခံစားခဲ့ရ။ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့သည်။ ဒေါ်ထားထားကိုပေါ့..။ ဒေါ်ထားထားကား တော်တော်လှပသူဟုပြောရမည်။ မဟာဆန်သူလို့ပဲ ဆိုရမလား။ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းနဲ့။ ဖခင်ဖြစ်သူကား သူ့ထက်အများကြီးငယ်သော ဒေါ်ထားထားကို ရလိုက်သဖြင့် အရမ်းကိုအလိုလိုက်ခဲ့သည်။
သူ့ကို ဂရုမစိုက် အလေးအနက်မထားခဲ့ပေ။ ဖခင်ရှေ့တွင် ဒေါ်ထားထားကာ ဖခင်နှင့်သူ့ကို အရမ်းချစ်ပြသော်လည်း ကွယ်ရာမှာ အရမ်းအကျင့်ယုတ်သည်။ ဖခင်ခရီးထွက်သွားလျှင် သူမဖောက်ပြန်နေသော သူမ၏ မောင်တစ်ဝမ်းကွဲလိုလို ဘာလိုလိုလုပ်ပြီး ဖခင်၏ အလုပ်တွင်သူမမျက်နှာဖြင့် ခေါ်ခန့်ထားသော မောင်မောင်ဆိုသောသူနှင့် အိပ်အိပ်နေသည်။ သူက အိမ်မှာကျန်ခဲ့သဖြင့် သိသည်။ ထိုရက်များတွင် သူ့အနေဖြင့် အစားအသောက်လည်း ပုံမှန်မစားရ။ တစ်ခါက သူမတို့အခန်းနားသွားမိသဖြင့် ဒေါ်ထားထားက သူ့ကိုကြိမ်လုံးဖြင့် လွှဲလွှဲပြီး မညှာမတာရိုက်ခဲ့သည်။ ဖခင်ဖြစ်သူပြန်လာလျှင် ပြန်မပြောနိုင်အောင်ပေါ့။ ဖခင်ဖြစ်သူက အလုပ်သွားလုပ်နေတယ်.. သူမကတော့ လင်ငယ်နှင့်ပျော်နေသည်။ တစ်ရက်သူ့ အဖေ ခရီးထွက်သွားရာမှစောပြီး ပြန်လာသော တစ်နေ့တွင်ဖြစ်သည်… မှတ်မှတ်ရရ ပြောရလျှင်တော့ စနေနေ့ည (၁၁)နာရီလောက်မှာ ဖြစ်သည်…။ “မောင်..နော်..ခိခိ…ယားတယ်..” ဇော်ခက်ကား ဒေါ်ထားထား၏အဝတ်မဲ့ခန္ဓာကိုယ်ကို တရှုံ့ရှုံ့နှင့် နေရာမလပ်မကျန်အောင် နမ်းနေသည်။ တင်းရင်းလှသော ဒေါ်ထားထားရဲ့နို့တွေကို တပြွတ်ပြွတ်နှင့် စို့သည်။ ဒေါ်ထားထားရဲ့ လက်ကလည်း ဇော်ခက်ရဲ့လီးကြီးကို သေချာဆုပ်ကိုင်နေသည်။
“အားရလိုက်တာ…” သူမှယူထားသော ဦးသော်မောင်ဆိုတဲ့ ဘဲကြီးနဲ့ တခြားစီပဲ။ လီးကြီးက(၆)လက်မ နည်းနည်းကျော်ပြီး ကျပ်လုံးလောက်တုပ်သည်။ ပြီးတော့ ဒေါ်ထားထားကြိုက်တာတစ်ခုရှိသည်…။ သူမကို အသည်းခိုက်သွားစေသည့် ဇော်ခက်ရဲ့ ပြုစုမှုပေါ့။ ဇော်ခက်က အလိုးကောင်းသလို… ဘာဂျာမှုတ်တာလည်း ကောင်းသည်။ ဇော်ခက်က မလိုးခင်သူမကိုကောင်းကောင်း စုပ်ပေး မှုတ်ပေးပြီးမှ လိုးတာလေ။ ဇော်ခက်ကလည်း ဒေါ်ထားထား ဒါကိုကြိုက်မှန်း သိသည်။ ဒေါ်ထားထားအဖုတ်တွေသာမက စအိုလေးကိုပါ လိုက်ယက်ပေးတော့ ဒေါ်ထားထား အသည်းခိုက်သွားသည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင်းတင်းတင်းနှင့် ဒေါ်ထားထားကို လိုးရတာ သူဝကိုမဝနိုင်။ ယခုလည်း.. ဒေါ်ထားထားရဲ့ နို့တွေကို သွားဖြင့် မနာအောင်ကိုက်ပြီး နို့သီးလေးကို လျှာဖြင့် ကလိပေးတော့..ဒေါ်ထားထားကား တဟင်းဟင်း တအင်းအင်းဖြင့် မျက်လုံးလေးစင်းနေပြီ။ “မောင်..အင်း…အင်း..မမ..မရတော့ဘူး” ဇော်လက်ကား နို့မှလျှောဆင်းကာ ဒေါ်ထားထားရဲ့ ဗိုက်သားလေးတွေကို ယက်ပြန်သည်။ ဒေါ်ထားထားရဲ့ လက်တွေက ဇော်ခက်ရဲ့ ဆံပင်ကိုကိုင်ပြိး ခပ်ဖွဖွလေးထိုးဆွကာ ပွတ်ပေးနေသည်။ ဇော်ခက်က တဖြည်းဖြည်းချင်း လျှောဆင်းလာကာ ဒေါ်ထားထား၏ ထောင်ထားသော ပေါင်နှစ်ချောင်းကြားတွင် မျက်နှာကို အပ်လိုက်သည်။ စောက်မွေး နီကျင်ကျင်လေးများနှင့် လိမ်ကောက်နေသည့် ကြားမှ ဒေါ်ထားထား၏ ရတနာရွှေကြုပ်ကလေးကို မြင်ရသည်။ သူဌေးမိန်းမပီပီ.. အကောင်းစား ပစ္စည်းများကိုသာ အသုံးပြုသဖြင့် ဒေါ်ထားထားရဲ့ အဖုတ်လေးက အနံ့မထွက်။ အနည်းငယ် မွေးအီနေသလိုလိုခံစားရသည်။
သူ့လက်ဖြင့် ဒေါ်ထားထားရဲ့စောက်ပတ်လေးကို အသာအယာဖြဲပြီး လက်ခလယ်ဖြင့် စောက်ခေါင်းအတွင်းသို့ နှိုက်လိုက်သည်။ အနည်းငယ်ဆွပေးလိုက်ရာ အင့်ခနဲ့အသံနှင့်အတူ ဒေါ်ထားထားရဲ့ ပဲကြီးစေ့ခန့်စောက်စိလေးက မာပြီးထောင်ထလာသည်။ ဇောခက်က လျှာကို အနည်းငယ်ထုတ်လိုက်ပြီး ဒေါ်ထားတား၏ အဖုတ်နှုတ်ခမ်းတွန့်တွန့်လေးတွေကို ယက်တင်လိုက်သည်.. “အင်း…” ဒေါ်ထားထားတစ်ကိုယ်လုံးတုန်တက်သွားသည်… သူမလက်များက ကယောင်ကတမ်းဖြင့် ဇော်ခက်ခေါင်းများကို လှမ်းကိုင်လိုက်ပြီး ပေါင်ကို စိလိုက်သည်။ ဇော်ခက်ကလည်း မရပါ.. ဒေါ်ထားထား၏ပေါင်ကိုလက်ဖြင့် အတင်းဖိထားသည်… ထို့နောက်.. ဒေါ်ထားထား၏ စောက်စိလေးကိုလျှာဖြင့် ဖိဖိပြီးဝိုက်ကာ ကစားပေးသည်.. “အိုး…အိုး..မောင်..မောင်..တော်ပါတော့… မောင်… အင်းဟင်း” ဒေါ်ထားထားကား ဖင်ကြီးများ တဆတ်ဆတ်တုန်ကာ ညီးငြူနေပြီး သူမလက်များက ဇော်ခက်ခေါင်းကို ဆုပ်ကိုင်ထားရာမှ မွေ့ယာစများကို ဆွဲဆုပ်ထားသည်။ သူမနှုတ်ခမ်းများကို ပြတ်လုမတတ်ကိုက်ကာ ဇော်ခက်ရဲ့လျှာအရသာကို အလူးအလဲ ခံစားနေရသည်။ နောက်ဆုံးတွင် တော့ ငယ်သံပါအောင် အော်ဟစ်ရင်း မွေ့ယာကိုကိုင်ထားသော လက်များပြေလျှော့သွားသည်။ သူမတစ်ချီပြီးသွားပြီဆိုတာ ဇော်ခက်သိလိုက်သည်။ ဇော်ခက်လည်း မှုတ်ပေးရတာ အနည်းငယ် မောသွားသည်။
ဒေါ်ထားထားက ဇော်ခက်လီးကြီးကို ဆုပ်ကိုင်လိုက်ပြီး.. “ကဲ..မောင်တော်တော်ဆိုးတယ်…ဒီတစ်ခါမမကလှည့်..ဟင်းဟင်း” ဒေါ်ထားထားက ဇော်ခက်ကိုပညာပြန်ပြချေပြီ… ဇော်ခက်ရဲ့ခြောက်လက်မကျော်ရှိသောလီးကြီးကို လက်ဖြင်ဆုပ်ကိုင်လိုက်ပြီး သူမနှုတ်ခမ်းနှစ်လွှာဖြင့် ထိကပ်လိုက်သည်။ “ပြွတ်…” လီးဒစ်ကြီးကိုနှုတ်ခမ်းနှစ်လွှာထဲထိုးသွင်းပြီး လီးထိပ်မှ အပေါက်လေးကို လျှာဖြင့် ကလိလိုက်တာနဲ့ ဇော်ခက်တစ်ယောက် ကော့တက်သွားတော့သည်။ ဒေါ်ထားထားကား ဇော်ခက်ရဲ့လီးကြီးကို အာခေါင်ထဲထိထိုးသွင်းပြီး လျှာဖြင့် ဝိုင်ဝိုက်ပေးလိုက်သည်။။ ဇော်ခက်ကား မျက်လုံးများမှေးစင်းနေချေပြီ။ “အိုး..အိုး…မမ…အင်း..အင်း” နောက်ဆုံးမှာတော့ ဇော်ခက်မျက်လုံးများ လှန်တက်သွားပြီး ဆန့်ငင်ဆန့်ငင်နဲ့ ဒေါ်ထားထား အာခေါင်ထဲသို့ သုတ်ရည်များကို ပန်းထွက်ကျကုန်တော့သည်။ ဒေါ်ထားထားလည်း ဇော်ခက်ရဲ့သုတ်ရေများကို မြတ်မြတ်နိုးနိုး မြိုချလိုက်တော့သည်။ ဒေါ်ထားထားကား ဇော်ခက်၏ အနည်းငယ်ပျော့သွားသော လီးကြီးကို ဆွရင်း တစ်ယောက်နှင့်တစ်ယောက် လွှတ်သွားမှာ စိုးသည့်အလား နှုတ်ခမ်းချင်းတေ့စုပ်နေသည်…။ ဇော်ခက်ရဲ့လီးကြီးကလည်း အကြောတပြိုင်းပြိုင်းနှင့် မာပြီးထောင်လာသည်။
ဒေါ်ထားထားကို နမ်းရှုပ်ရင်းသူလီးကို ဒေါ်ထားထားအဖုတ်ဝနှင့် တေ့လိုက်သည်။ ဒေါ်ထားထားကလည်း သူမခြေထောက်နှစ်ဖက်ကို ဇော်ခက်ရဲ့ခါးမှာ ချိတ်လိုက်သည်။ ဇော်ခက်လက်နှစ်ဖက်က ဒေါ်ထားထားရဲ့ ရင်သားနှစ်မွာကိုဆုပ်ကိုင်လိုက်ချိန်မှာ ဒေါ်ထားထားရဲ့ လက်ကလည်း ဇော်ခက်ရဲ့လည်ပင်းကို လှမ်းဆွဲလိုက်သည်….။ ဇော်ခက်ကလည်း ဒေါ်ထားထားရဲ့အဖုတ်ကို သူ့လီးနှင့်တေ့ထားရမှ ထိုးသွင်းလိုက်သည်။ “ဖွတ်…ဘွတ်..အင့်” လီးကရှည်တာကြောင့် ဒေါ်ထားထားရဲ့ စောက်ခေါင်းတစ်ဆုံးတိုင်ဝင်သွားသည်။ “ဖွတ်..ဖွတ်..ဘွတ်..ဘွတ်…” “ရှီးရှီး .. ဟူးဟူး..အင်းအင်း…ဘွတ်… ဘွတ်..” ဒေါ်ထားထားကလည်းစည်းချက်ညီညီပင် ဇော်ခက်ဆောင့်လိုက်တိုင်း အောက်မှ ကော့ကော့ပေးသည်။ “အိုး..မောင်…လိုးလိုး….အင့်အင့်” နှစ်ဦးသား မောဟိုက်သံလေးများလည်း ထွက်ပေါ်လာသည်..။ “မောင်ရေ..မြန်မြန်ဆောင့်…အင့်အင့်… မမကောင်းနေပြီ…” “အင်း…အင်း…ရှီးရှီး.. ဘွတ်ဘွတ်…” ဇော်ခက်ကလည်း ဒေါ်ထားထားစောက်ဖုတ်ကြိးကို လိုးရတာအရမ်းကောင်းနေသည်။
သူမယောင်္ကျား မရှိတုန်း ခိုးစားရတာမို့ထင်တယ်.. စီးကျပ်နေတာပဲ ဒေါ်ထားထားစောက်ပတ်က။ လီးကို ဘယ်လောက်ငတ်နေမှန်းမသိ။ သူ့လီးကြီးဝင်သွားတိုင်း စောက်ပတ်နှစ်ခမ်းသားများက ညှစ်ညှစ်ပေးနေသဖြင့် သူလည်း အရမ်းကောင်းနေသည်။ နောက်ဆုံးမှာတော့ ဒေါ်ထားထားမျက်နှာရှုံသွားပြီး ဒေါ်ထားထားလက်များက သူ့ကျောကို အတင်းကုတ်ခြစ်လိုက်ချိန်မှာ ဒေါ်ထားထား ပြီးသွားပြီဆိုတာသူသိလိုက်သည်။ နောက်ဆုံးမှာတော့ သူလည်း လေးငါးချက်ခန့် ဆက်ဆောင့်လိုက်ပြီး လရေများကို ဒေါ်ထားထားစောက်ပတ်နံရံတွေကို ဆန့်ငင်ဆန့်ငင်နဲ့ ပန်းထုတ်လိုက်သည်။ ထိုအချိန်မှာပဲ… အခန်းတံခါးကပွင့်လာသည်… “ဟင်…ခွေးတွေ..ခွေးဇာတ်ခင်းနေကြတာကိုး….” မိန်းမယုတ်နဲ့ သစ္စာမရှိတဲ့ကောင်ဆိုသော..သူ့ဆရာ ဦးဝင်းအောင်အသံကိုကြားလိုက်ရသည်။ သူ့ဂုတ်ပေါ်တွင် နာကျင်မှုကြောင့် လက်ဖြင့် လှမ်းကိုင်ကြည့်လိုက်သည်… သွေး.. သွေးတွေပါလား.. ဇော်ခက်အသိအာရုံတွေ အမှောင်ဖုံးမသွားခင် ကြားလိုက်ရတာကတော့ ဒေါ်ထားထားရဲ့ ကြောက်လန့်တကြား ငယ်သံပါအောင် အော်ဟစ်လိုက်သံပင်…။
ထွန်းထွန်းအောင်ကား ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်… သူရောက်ရှိနေသော နေရာကား လူရှင်းသောရပ်ကွက်တစ်နေရာမှာ… ဒီညအဖို့ ဘယ်အိမ်ထဲကို ခိုးဝင်ရမလဲ စဉ်းစားနေမိသည်..။ ရှင်းရှင်းပြောရလျှင်တော့ သူအိပ်ချင်နေပြီ။ “ဝေါ..ဝေါ…ဖျောက်..ဖျောက်…” “ဘာလဲဟ..” ဆောင်းရာသီကုန်ခါနီး ရာသီအကူးအပြောင်းမို့ထင်… မိုးက သည်းကြိးမဲကြီး ရွာချလာသည်.။ ဆိုင်းမဆင့် ဘုံမဆင့်နဲ့…။ မီးလင်းနေသော နှစ်ထပ်တိုက်တစ်လုံးကို မြင်လိုက်ရသည်။ ထိုနှစ်ထပ်တိုက်နှင့် မလှမ်းမကမ်းမှာ ဂိုထောင်တစ်လုံးကို သူမြင်ရသည်။ အုတ်နံရံကို ကျော်ပြီးသူဝင်လိုက်သည်။ ထိုအချိန်မှာပဲ အိမ်ထဲမှ အော်သံလိုလိုကြားရသည်။ နှစ်ထပ်အိမ်ထဲမှာ ခေါင်းစွပ်အင်္ကျီဝတ်ထားသော လူတစ်ယောက်… အမျိုးသမီးငယ်တစ်ယောက်ကို နောက်မှ ချုပ်ကိုင်နေသည်။ မြင်ရတာတော့ ကောင်းသောအနေအထားမဟုတ်။ အန္တရာယ်ပြုနေသည့်အနေအထား။ မြင်ကွင်းက မသင့်တော်သဖြင့် သူလည်း ပွင့်နေသော ပြူတင်းတံခါးမှတစ်ဆင့် အိမ်ထဲကိုဝင်လိုက်သည်။ “ဟေ့.လူဘာလုပ်တာလဲ…” ထိုလူကား လူရောက်လာတာသိလို့ထင်သည်။ ဖျက်ခဲနဲ လှည့်လာပြီး သူ့ဆီပြေးလာသည်။ သူလည်း အတွေ့အကြုံရှိသူမို့ ထိုလူကိုဆီးပြီး ကန်လိုက်သည်။ ထိုလူကလည်း လျင်သည်။ ရှောင်တိမ်းပြီး ပြူတင်းပေါက်မှ ခုန်ကျော်ပြေးသွားသည်။
ကောင်မလေးကား ကြောက်ရွံ့မှုကြောင့် တုန်ယင်နေရာမှ တဖြည်းဖြည်း မော့ကြည့်လာသည်။ “ဟင်….” သူလည်းအံ့ကြသွားသလို ကောင်မလေးကလည်း သူ့ကို တစ်စုံတစ်ခုပြောရန်အားယူနေသည်။ သူ့နှုတ်ဖျားမှ ထစ်ထစ်ငေ့ါငေါ့ဖြင့် အသံတစ်ခုထွက်လာသည်… “နန်းမြတ်….ညီမလေး…” ကောင်မလေးနှုတ်ဖျားမှလည်း… “ကိုကြိးထွန်းထွန်း” ဟု ထွက်လာလေသည်။ထွန်းထွန်းအောင် အံ့သြနေသည်။ သူ့အဆက်ဟောင်းရဲ့ညီမဝမ်းကွဲ နန်းမြတ်သီရိပါလား။ ဒီမြို့ကို ဘယ်လိုရောက်နေတာလဲ။ သူစဉ်းစားမရ။ မတွေ့တာလည်း တော်တော်ကြာမှကိုး။ “ကိုကြီးရောက်လာလို့…နို့မို့ဆိုညီမလေးသေပြီ….” “ဟင်…ခုနက လူသတ်သမားလား” “ဟုတ်တယ် ကိုကြိးရဲ့… ကိုကြီး ဒိမြို့ကို ဘယ်လိုရောက်လာတာလဲဟင်.. ညီမလေးကို ပြောပြပါလား..” နန်းမြတ်သီရိက မေးလာတော့လည်း…။ “ဒီလိုပါပဲ..ညိမလေးရယ်..ကိုကြိးဘဝကတော့… မင်းမမရဲ့ ရက်စက်မှုကြောင့်လေချင်တိုင်းလေပြီး.. ခုလည်း လိမ်လည်မှုတစ်ခုနဲ့ ထွက်ပြေးနေရတယ်… အဲ့ဒါ ဒီမြို့ဖက်ရောက်လာရင်း မြို့ထဲမှာ လျှောက်သွားနေတုန်း မိုးရွာလာလို့ ခိုစရာနေရာလေးများ ရမလားဆိုပြီးဝင်လာတာ… ညီမလေးဆီမှ တိုက်တိုက်ဆိုင်ဆိုင်လာဖြစ်နေတယ်”…
နေဇော်ကား အမှုတွဲဖိုင်များကို ဖတ်ကြည့်နေပြီး စဉ်းစားနေသည်။ သူလည်း ခေါင်းကြီးနေပြီ။ လူသတ်မှုပေါင်းစုံဆက်နေသဖြင့် ခုနကတင် တိုင်းကရော ခရိုင်ကရော သူ့ကိုဖုန်းဆက်ပြီး ဖိအားပေးနေပြီ။ သူ့အနေဖြင့် အမှုများကို ဖော်ချင်ပါသော်လည်း ထိုလူသတ်မှုများကား သဲလွန်စရှာမရအောင်ပိရိနေသည်။ အလောင်းမှလွဲပြိး ဘာသက်သေမှမကျန်ထားခဲ့။ ဘာလက်နက်အသုံးပြုပြီး သတ်သည်ကိုပင်မသိရ။ သူ့အနေဖြင့် ယူဆသည်ကတော့ ထိုရိုက်သွားသော လက်နက်များမှာ ဒုတ်တော့မဖြစ်နိုင်။ ဘာလက်နက်လဲ ဆိုတာကိုစဉ်းစားနေသည်။ သတ်ခံရသော အမျိုးသမီးတွေအားလုံးကလည်း ရန်ငြိုးရန်စမရှိသူများ။ ရိုးသားအေးဆေးသော မိန်းမတွေချည်းပဲ။ မြို့ထဲမှာ ဒေါင့်စေ့အောင် တပ်ဖွဲ့ဝင်တွေကို နေရာချထားသော်လည်း လူသတ်သမားဘယ်လိုဘယ်ပုံ ပိပိရိရိ လူသတ်မှုကျူးလွန်မှု ပြုလုပ်သွားမှန်းကိုမသိရ။ သူ့အနေဖြင့် စိတ်ကျဉ်းကျပ်လှသဖြင့် မဖြစ်ချေတော့ဘူးဟု စဉ်းစားကာ သူ့ဆရာသမားဖြစ်သူ အငြိမ်းစား ရဲအရာရှိကြီး ဦးအောင်ကျော်ဆီကို ဖုန်းဆက်ပြီး အကြံဉာဏ်တောင်းဦးမှဟု စဉ်းစားလိုက်သည်။ ဒါကြောင့် သူ့ဖုန်းကိုထုတ်လိုက်ပြီး…. ဖုန်းနံပါတ်တစ်ချို့ကို ကောက်နှိပ်လိုက်သည်။
“ဟဲလို…ဆရာလားဦးအောင်ကျော်လား…” “ဟုတ်တယ်….ဘယ်သူပါလိမ့်..” “ကျွန်တော်ပါ…ဆရာ..ဆရာ့တပည့်နေဇော်ပါ…” “သြော်..မောင်နေဇော်…ပြော…တပည့်မြို့က သတင်းတွေဆရာကြားရတယ် … ပြောစမ်းပါဦးကွာ တပည့်ရ..” “ဒီလိုပါဆရာ…(xxxxxxxx) ” သူကအမှုအခြေအနေကို ရှင်းပြလိုက်သည်။ ဆရာက သူ့ကိုလိုအပ်သော အကြံဉာဏ်များပေးလိုက်သည်။ နောက်ဆုံး နှုတ်ဆက်ခါနီးတွင် ဆရာဦးအောင်ဇော်က.. “ဒါနဲ့စကားမစပ်နေဇော်ရေ..မင်းတို့မြို့မှာ ဆရာငယ်ငယ်က မှတ်မှတ်ရရအမှုတစ်ခုနဲ့ ပတ်သက်တဲ့သူတစ်ယောက်ရဲ အရာရှိဖြစ်ပြီး ကျနေတယ်ကွ.. သူ့ငယ်နာမည်က ဖိုးလုံးတဲ့ နာမည်အရင်းတော့ မသိတော့ဘူးကွ..” “ဘာဖြစ်လို့မှတ်မိနေတာလဲ ဆရာ..” “ဒိလိုကွာ…သူ့မိထွေးနဲ့သူ့အဖေတပည့်က ဖောက်ပြန်ကြတယ်လေ.. အဲ့ဒါကို သူ့အဖေကမိပြီး နှစ်ယောက်လုံးမသေမချင်းသတ်လို့ သူ့ကိုယ်သူလည်း သတ်သေသွားတာ.. အဲ့ကလေးကို အဲ့သုံးလောင်ပြိုင်ကြားမှာ စကားမပြောနိုင်ပဲ ငေးတိငေးငိုင်နဲ့တွေ့ခဲ့ရပြီး သနားတာနဲ့ ဆရာ့သူငယ်ချင်းတစ်ယောက်က ကလေးမရှိတာနဲ့ မွေးစားဖို့ပေးခဲ့တာ… နောက်ပိုင်း သူငယ်ချင်းနဲ့အဆက်အသွယ်ပြတ်ပြီး ဟိုနေ့က သူဆုံးတဲ့သတင်းကို သတင်းစာထဲမှာတွေ့လို့ သတိရသွားတာ.. အဲ့ဒါကြောင့်တပည့်ရေ…” နေဇော်လည်း ထိုစကားကြောင့် သူမသိသည့် ရဲအရာရှိကို သနားသွားမိသည်။ ဖုန်းကို ဖြည်းညှင်းစွာချလိုက်သည်။
“ဒီလိုတော့ နေလို့မဖြစ်ဖူးနော် ညီမလေး… သူက ဒီကိုထပ်လာနိုင်တယ်.. ရဲကို ဖုန်းဆက်တာ ကောင်းတယ်” “အဲ့ဒါဆို ကိုကြီးဖမ်းခံရမှာပေါ့” “ရပါတယ် ညီမလေးရယ် ရဲတွေဒီကိုလာတဲ့အချိန် ရှောင်နေလိုက်မယ်” ထွန်းထွန်းအောင်က စိတ်ပူစွာဖြင့်ပြောလိုက်သည်။ “ကိုကြီးရယ်….” နန်းမြတ်သီရိမျက်နှာပေါ် မျက်ရည်လေးများ ကျဆင်းလာသည်။ “ကိုကြီးဒီလိုဖြစ်ရတာ ညီမလေးမမကြောင့်ပါ… မမကိုယ်စား ညီမလေးတောင်းပန်ပါတယ်” ထွန်းထွန်းအောင်ရဲ့ ရင်ထဲမှာလည်း နာကျင်နေပါတယ်။ နန်းမြတ်သီရိရဲ့ ပါးလေးကိုကိုင်ပြီး ပါးပေါ်က မျက်ရည်လေးတွေကို သုတ်ပေးလိုက်ပါတယ်။ “ကိုကြီး..” နန်းမြတ်သီရိရဲ့မျက်နှာလေးက သူ့ကိုမော့ကြည့်လာတယ်။ “ပြောလေ..ညီမလေး” “ကိုကြီးဒီလိုလျှောက်သွားနေမဲ့အစား ဥပဒေကပေးတဲ့အပြစ်ကိုခံယူပြီး.. ညီမလေးအိမ်မှာ လာနေပါလားဟင်…. ညီမလေးလေ မမကိုယ်စား.. အို..” နန်းမြတ်သီရိမျက်နှာလေး ရှက်သွေးဖြန်းသွားသည် … တကယ်တော့ ဒါတွေက သူမရင်ထဲက စကားတွေပါ… ကိုကြီးကို မမက မိတ်ဆက်ပေးကတည်းက ကိုကြီးကို သူမက ခိုးချစ်ခဲ့ရတာလေ..။ မမကိုပင်မနာလိုဖြစ်ခဲ့တာ သူမအသိဆုံးမို့။ ထွန်းထွန်းအောင် အနေဖြင့်ကလည်း သူ့မဖြူစင်သောဘဝကို အပြစ်ကင်းစင်သူလေးထံ မအပ်နှံချင်ပါဘူးလေ။ သူက နန်းမြတ်သီရိမျက်နှာလေးကို ကြည့်နေရာမှ အသာအယာလွဲဖယ်လိုက်သည်။ “ညီမလေး..ကိုကြီးကိုကော်ဖီတစ်ခွက်ဖျော်တိုက်ပါလား…” “ဟုတ်ကဲ့ ကိုကြိး..” နန်းမြတ်သီရိကား ကော်ဖီဖျော်နေသည်။
အပြင်မှာလည်း မိုးကသည်းသည်းမဲမဲရွာနေဆဲပင်။ ထွန်းထွန်းအောင်သည်လည်း ကော်ဖီခွက်လာချပြီး သူ့ရှေ့ထိုင်နေသော နန်းမြတ်သီရိကို ခိုးကြည့်လိုက်သည်။ နန်းမြတ်သီရိမျက်နှာလေးက အပြစ်ကင်းစင်လှသည်။ ဆံပင်တွေကလည်း အရှည်ကြီး… ခါးလောက်ထိကိုရှည်သည်.။ မျက်နှာမှာလည်း သနားခါးရေကျဲလေး လူးထားတာတောင် ဖြူဝင်းမွတ်နေသည်။ နှာတံကလည်း စင်းစင်းလုံးလုံးလေး။ နန်းမြတ်သီရိကလည်း သူ့ကိုကိုကြီးခိုးကြည့်နေမှန်း သိသဖြင့် အသာလေးမသိချင်ယောင်ဆောင်ပြီး ငြိမ်နေလိုက်ပါတယ်။ အခန်းထဲမှာ အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ “ကလင်…ကလင်…” စားပွဲပေါ်မှ တယ်လီဖုန်းက တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖြိုခွင်းလိုက်သည်။ “ဟယ်လို…ဆရာမနန်းမြတ်သီရိတို့အိမ်ကပါ… ဘယ်ကပါလဲရှင်” “သြော်..ဟုတ်ကဲ့ရဲစခန်းကပါ… ဟိုလေ.. ကျွန်တော့်အသံကို မမှတ်မိဘူးလေ… ဆရာမတို့ကျောင်းက ဆရာအောင်သိုက်လေ… ဆရာမတို့ ရပ်ကွက်ဘက်ကို ရဲကားသွားတာတွေ့လို့.. ဘာများဖြစ်တာလဲလို့ မေးကြည့်တာ…” “သြော်..ဟုတ်လား…ဆရာအောင်သိုက်..ဘာဖြစ်လဲတော့ ကျွန်မလဲမသိဘူး.” နန်းမြတ်သီရိက ဖုန်းကိုချလိုက်ပြီး ထွန်းထွန်းအောင်ဘက်ကို ပြန်လျှောက်လာခဲ့သည်။ “ဘယ်ကဆက်တာလဲ ညီမလေး…” “ဟိုလေ..ကျောင်းက ဆရာအောင်သိုက်ဆက်တာ… ကျွန်မတို့အပိုင်းဘက်ကို ရဲကားသွားတာတွေ့လို့တဲ့” “ဟင်..” ထွန်းထွန်းအောင် အနည်းငယ်စိုးရိမ်သွားသည်။
“ဒါဆို အကိုသွားမှဖြစ်မယ်ညီမလေး… ညီမလေးအိမ်မှာ အကို့ကိုတွေ့သွားရင် ညီမလေးကို အမှုပတ်နေဥိးမယ်…” နန်းမြတ်သီရိက.. မျက်ရည်လေးတွေဝိုင်းနေသော မျက်လုံးများဖြင့် ထွန်းထွန်းအောင်ကို ကြည့်လိုက်သည်..။ “မသွားပါနဲ့အကိုရယ်…” “မဖြစ်ဖူးညီမလေး…အကိုသွားမှဖြစ်မယ်.. ညီမလေးကို အကို့ကြောင့်ဒုက္ခမရောက်စေချင်ဘူး” ထွန်းထွန်းအောင်ကပြောပြောဆိုဆိုထိုင်ခုံမှ ထလိုက်သည်။ “နေပါဦးအကို…” နန်းမြတ်သီရိက အိမ်ခန်းထဲဝင်သွားလိုက်ပြီး ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံအကုန်ထုတ်ယူလိုက်သည်။ ထို့နောက် ထွက်သွားရန်ပြင်နေသော.. ထွန်းထွန်းအောင်ကို နောက်မှ လှမ်းဖက်လိုက်ပြီး..။ “အကို…ညီမလေးကို ချစ်ရင် ယူသွားပါနော်….” ထွန်းထွန်းအောင်လည်း နန်းမြတ်သီရိရဲ့ မျက်နှာလေးဘက်ပြန်လှည့်ပြီး နဖူးကို ခပ်ဖွဖွနမ်းလိုက်သည်။ “ညီမလေး..အကိုသွားတော့မယ်…” နန်းမြတ်သီရိရဲ့ မျက်နှာပေါ်ကျဆင်းလာသော မျက်ရည်များကို သူမခံစားနိုင်တော့။ နန်းမြတ်သီရီရဲ့ ဖြူစင်တဲ့ဘဝလေးထဲကို သူ့ရဲ့ ညစ်ပတ်စုတ်ပြတ်နေသော ဘဝကိုဘယ်တော့မှ မအပ်နှံဖို့ဆုံးဖြတ်လိုက်ရင်း အုတ်တံတိုင်းကို ကျော်ကာ အပြင်ကိုထွက်ခဲ့သည်။ သွက်လက်တော့ ခြေလှမ်းများဖြင့် ဝေးနိုင်သမျှဝေးအောင် မိုးတောထဲမှာ လမ်းလျှောက်သွားလေတော့သည်။ သို့သော် သူမမြင်လိုက်တာကတော့ အမှောင်ထဲမှာ သူထွက်သွားတာကို တိတ်တဆိတ် စောင့်ကြည့်နေသော မျက်လုံးတစ်စုံ။ အိမ်ထဲမှာ ကောင်မလေးနှင့် အဖွားကြီးသာ ကျန်ရှိတော့တာ သေချာနေမှန်း သေချာသွားပြီ။ သူ့အကြံအစည်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် ပိုနေသောလူကိုပထုတ်လိုက်ပြီ။ နှုတ်ခမ်းထောင့်မှ အနည်းငယ်ပြုံးရုံလေး ပြုံးလိုက်သည်။
စခန်းမှူးစားပွဲပေါ်မှာ ရဲအုပ်နေဇော်တစ်ယောက် အိပ်ချင်လာသဖြင့် ခေါင်းစိုက်နေသည်။ အိပ်မပျော်သော ညတွေကလည်းများနေပြိ… စိတ်ကလည်း ဖိစီးမှုများနေသောကြောင့် ဖြစ်နေသည်။ အိပ်ချင်မူးတူးဖြင့် ယိုင်သွားစဉ် သူ့ခြေထောက်ကစားပွဲအောက်မှ စာအုပ်တစ်အုပ်ကို တိုက်မိသွားသည်။ သူ့စာအုပ်တော့မဟုတ်တာ သေချာသည်။ မြို့နယ်ရုံးမှ ကိုဝေထွန်း စာအုပ်ဖြစ်မည်။ ဒီကိုလာရင်း မတော်တစ်ဆ ပြုတ်ကျထားခဲ့တာဖြစ်မည်။ မနက်ကျမှ မြို့နယ်ရုံးသွားရင်း ပြန်ပေးတော့မည်ဆိုပြီး ကောက်ယူလိုက်စဉ် စာအုပ်ထဲမှ စာရွက်ခေါက်လေး တစ်ခုပြုတ်ကျလာသည်။ မြို့နယ်မြေပုံကို လက်ရေးဖြင့် အကြမ်းဆွဲထားသော စာရွက်လေးတစ်ခု။ ဒီမြေပုံလေးကို သူရင်းရင်းနှီးနှီး မြင်ဖူးသည်။ ဘယ်မှာမြင်ဖူးပါလိမ့်။ ဟင်..ဒါလူသတ်မှုတွေကို ရေးဆွဲထားသော မြေပုံပင်။ သတ်ခံရသည့်နေရာတွေရဲ့ သေဆုံးရာပြမြေပုံ။ သေသည့်နေရာတွေကို မင်နီလေးတွေနဲ့ဝိုင်းထားသည်။ ဒါပေမဲ့ ပိုနေတာက မင်နီလေးဖြင့် ဝိုင်းထားသောနေရာတစ်ခု ။ ထိုနေရာမှ ဘာလူသတ်မှုမှ မဖြစ်သေးဘဲနဲ့ ဘာလို့ဝိုင်းထားတာလဲ။ နေဇော်စိတ်ထဲ မသင်္ကာဖြစ်သွားသည်။ မြို့နယ်ရုံးကို လှမ်းဆက်လိုက်သည်။ တစ်ဖက်မှ ဒုတပ်ကြပ် လှသောင်းဖုန်းကိုင်လာသည်။ “ဟဲလို..ဘယ်သူပါလဲ…” “ကိုယ့်ညီ ကိုယ်ပါကွ စခန်းမှူးနေဇော်ပါ” “ပြောလေ…ဗိုလ်ကြီး…” “ကိုဝေထွန်းများရှိလား မသိဘူး… စကားပြောချင်လို့ ခဏခေါ်ပေးပါလား” “သြော်..ဗိုလ်ဖိုးလုံးပြောတာထင်တယ်… မရှိဘူးဆရာ… ညနေကတည်းက အပြင်ထွက်သွားတယ်” “ဟင်..ဘယ်လိုဘယ်လို..ဖိုးလုံး..ဟုတ်လား” “သြော်…ဆရာရယ်….ဗိုလ်လေးဝေထွန်းကိုက နောက်ကွယ်မှာ ဒီလိုပဲခေါ်နေကျ… သူ့ငယ်နာမည်က ဖိုးလုံးတဲ့… သူ့ရှေ့ခေါ်ရင် မကြိုက်လို့ မခေါ်တာ… သူက အရမ်းစိတ်ဆိုးတာ.. ဟီးဟီး… ဘာဖြစ်လို့လဲတော့ မသိဘူး… ” နေဇော်နားထဲအချက်ပေးခေါင်းလောင်းသံက ဆူညံသွားသည်။
ဒီအတိုင်းဆို…. မင်နီဝိုက်ပြထားတဲ့နေရာက လူရှင်းသော ရပ်ကွက်တစ်ခု။ ထိုနေရာမှာ နန်းမြတ်သီရိဆိုသော ကျောင်းဆရာမလေးနဲ့ သူ့အဘွားဖြစ်သူတို့နေသော ရပ်ကွက်။ နေဇော်ကား ဖုန်းဆက်ရင်း စိတ်ပူလာသည်…။ တစ်ခုခုတော့ဖြစ်တော့မည်။ သူသိသလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိသည်။ “ကဲ..ဆရာလှသောင်း…မြို့နယ်မှူးကို သတင်းအမြန်ပို့.. လူသတ်သမားကို မိဖို့များနေပြီ.. (+++)ရပ်ကွက်က ဆရာမနန်းမြတ်သီရိတို့ အိမ်ကို အမြန်လိုက်ခဲ့ပါလို့..” “ဗျာ….” တပ်ကြပ်လှသောင်းရဲ့အံ့အားသင့်သည့်စကားသံကထွက်ပေါ်လာသည်။ အရေးထဲမှာ ဆက်သွယ်ရေး အိုင်ကွန်စက်များကလည်း ခေါ်မရ။ စခန်းတစ်ခုလုံးလဲ မြို့ထဲမှာရောက်နေကျသည်။။ အစောင့်လောက်ပဲ ရှိနေသည်။ သူလည်း မိုးကာဝတ်စုံပင်မဝတ်နိုင်ပဲ မိုးတောထဲမှာ ဆိုင်ကယ်ကို အရှိန်ပြင်းစွာ မောင်းထွက်ခဲ့တော့သည်။
မိုးတောထဲတွင် ပျောက်ကွယ်သွားသော ထွန်းထွန်းအောင်၏ နောက်ကျောကိုကြည့်ပြီး နန်းမြတ်သီရိကား မျက်ရည်ဥလေးများ ပါးပေါ်ကျဆင်းလာသည်။ “သြော်…အကိုရယ်…” မျက်ရည်များကိုသုတ်လိုက်ပြီး အဖွားအခန်းကို ကြည့်လိုက်သည်။ အဖွားကား နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပင်။ အိမ်ထဲမှာ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်။ အခန်းတံခါးကို အပြင်မှပိတ်ပေးလိုက်သည်။ အဖွားတစ်ယောက်ထဲ အခန်းထဲမှာမို့လို့။ ထိုအချိန်မှာ လက်ကိုင်ဖုန်းက ဝင်လာပြန်သည်။ ကျောင်းမှ သူငယ်ချင်းဖြစ်သူ ဆရာမ ဖြူဖြူဝင်းရဲ့ဖုန်း…။ “ပြော…ဖြူဖြူဝင်းရေ…” “နန်းမြတ်ရေ…ဆရာကိုအောင်သိုက်လေ ဆေးရုံတက်နေရတယ်တဲ့.. ညနေက အူအတက်ပေါက်လို့ဆိုလား.. အဲ့ဒါ မနက်ဖြန်ကျရင် ဆေးရုံသွားကြည့်ကြရအောင်.. အဲ့ဒါလေး လှမ်းပြောတာ သူငယ်ချင်းရေ” “သြော်..ဟုတ်ပြီဖြူဖြူရေ..သွားကြတာပေါ့… ကိုယ့်ကျောင်းကတွေဘဲဟာ” ဖုန်းကိုချပြီးမှ နန်းမြတ်သီရိစဉ်းစားမိသည်… ဟင်… ခုနကသူမထံဆက်တာကိုအောင်သိုက်လေ.။ ယခုဆရာမဖြူဖြူဝင်း အပြောအရဆို… အူအတက်ပေါက်လို့ ညနေကတည်းက ဆေးရုံတက်နေတာဆိုတော့။င်… ဒါဆိုသူမဆီကို ဖုန်းဆက်တဲ့သူက… ဘယ်သူလဲ။ သူမရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာသည်။
ထိုအချိန်မှာပင် သူမအိမ်ရှေ့ အုတ်နံရံကို ကျော်ပြီး အိမ်ထဲသို့ ဝင်လာသော လူရိပ်ကိုမြင်လိုက်ရသည်။ “ဘယ်သူလဲ…” သူမအသံလေးက တုန်တုန်ယင်ယင်ဖြင့် ထွက်ပေါ်လာသည်။ မျက်နှာတွင် မျက်နှာဖုံး စွပ်ထားသော လူတစ်ယောက်။ မျက်လုံးများကတော့ အေးစက်နေသည်။ သူမကျောထဲစိမ့်လာသည်။ “ကယ်ကြပါဦးရှင်…” သူမအော်ဟစ်လိုက်သံကမိုးထဲတွင် ပျောက်ကွယ်သွားသည်။ “ခလွမ်း.” ဟူသောအသံနှင့်အတူ အိမ်ပြူတင်းတံခါးမှန်များကို ခွဲသံကထွက်ပေါ်လာသည်။ “မြေး..ဘာဖြစ်တာလဲ” ဟူသော အဖွားအသံကအခန်းထဲမှ ထွက်ပေါ်လာသည်။ “အဖွား..မထွက်လာနဲ့..အဖွား..” သူမအသံကုန်အော်ဟစ်လိုက်သည်။ ထိုလူထံမှ အေးစက်အက်ကွဲသော အသံက ထွက်ပေါ်လာသည်…။ “ဒေါ်ထားထား…ဘယ်ပြေးမလဲ…မိန်းမယုတ်…” “ရှင်ဘာတွေပြောနေတာလဲ.. ကျွန်မဒေါ်ထားထား မဟုတ်ဖူး…အရူးရဲ့…” “ဟားဟား..မရူးဘူး….ဟင်းဟင်း မင်းတို့လို့ မိန်းမယုတ်တွေကို လောကကြီးကမောင်းထုတ်မှ လောကကြီးကသန့်သွားမှာ မိန်းမယုတ်ရဲ့…. ထွီ…” ထိုလူကား သူမနားသို့ တဖြည်းဖြည်းနီးကပ်လာသည်။ သူမလည်း ဆုတ်ရင်းဆုတ်ရင်း အိမ်အပေါ်ထပ်သို့ တဖြည်းဖြည်းရောက်လာပြီ။ “မင်းဘယ်ပြေးမလဲ…ဟင်းဟင်း” ထိုလူ၏ကြောက်မက်ဖွယ်ကောင်းသော အသံက ထွက်ပေါ်လာသည်။
ထွန်းထွန်းအောင်ကား လျှောက်လာသော ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ တစ်ခုခုတော့ မှားနေပြီ။ လမ်းတစ်လျှောက်လုံး ရဲကားနှင့်တူတာဆိုလို့ ဘာမှမတွေ့။ ဒါဆို… ဖုန်းဆက်တဲ့သူက။ သူ့ရင်ထဲစိုးရိမ်စိတ်များနှင့် ပြည့်နှက်သွားသည်။ မိုးတောထဲမှာ နန်းမြတ်သီရိတို့အိမ်ဖက်ကို သူပြေးခဲ့သည်။ ကျွတ်သွားသော ညှပ်ဖိနပ်ကိုပင် မစီးနိုင်တော့။ ဖိနပ်ဗလာဖြင့် ပြေးခဲ့သည်။ လမ်းတစ်လျှောက် ခဲလုံးများကို နင်းမိသဖြင့် နာကျင်မှုကိုပင် သူမသိတော့။ အမောတစ်ကြိးပြေးလာသည်.. အိမ်ရှေ့အရောက်မှာတော့ နန်းမြတ်သီရိရဲ့ အော်သံကိုကြားရသည်။ ဇောဖြင့် အုတ်နံရံကို လွားခနဲ သူကျော်တက်သွားသည်။ အိမ်တံခါးကို ဝုန်းခနဲဆောင့်ကန်ဖွင့်လိုက်သည်။ အိမ်ထဲမှာတော့ နန်းမြတ်သီရိ၏ ဆံပင်များကို ဆွဲကာ လည်ပင်းကို မော့ထားပြီး လက်ဝါးစောင်းနှင့် ချိန်ရွယ်နေသော သူတစ်ယောက်။ ကရာတေးသမားတစ်ယောက်ရဲ့ လက်ပုံစံများ။ သူ့ခြေထောက်တွေမြောက်တက်သွားပြီး.. ထိုလူရဲ့ ခေါင်းကိုခုန်ပြီး အားကုန်လွဲကန်လိုက်သည်။ ဖုန်းခနဲ ပြင်းထန်အားပါလှသော ကန်ချက်ကြောင့် ထိုလူအခန်းထောင့်သို့ လှဲကျသွားသည်။
“အကို…” နန်းမြတ်သီရိ၏စိုးရိမ်တစ်ကြီးနှင့်ခေါ်သံက ထွက်ပေါ်လာသည်။ “ပြေးတော့ နန်းမြတ်…” နန်းမြတ်ကပြေးမည်ပြုစဉ် ထိုလူက ထပြီး အထွက်တံခါးကိုပိတ်ရပ်လိုက်သည်။ တော်တော်ခံနိုင်ရည်ရှိပြီး ကျင့်ထားသော သူတစ်ယောက်ထင်တယ်။ ကြောက်စရာကောင်းသော ပြိုင်ဘက်နဲ့တွေ့နေပြိမှန်း ထွန်းထွန်းအောင်သိလိုက်ပြီ.။ နန်းမြတ်သီရိကို နောက်ဖက်တွင်ထားလိုက်ပြီး ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။ “ဟင်းဟင်း….သေချင်လို့ရောက်လာတော့လည်း သတ်ပေးရတာပေါ့ကွာ… လူစွမ်းကောင်းကြီး..” ထိုလူက သူ့ဆီကိုခုန်ပျံပြီးဝင်လာပြီး တိုက်ခိုက်မှုကို စတင်လိုက်သည်။ ပြင်းထန်သော တိုက်ခိုက်မှုများကြားတွင် ထွန်းထွန်းအောင်လည်း အလူးအလဲပင်။ ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်နေရင်း ထိုလူ၏ လက်သီးချက်က ထွန်းထွန်းအောင်ရဲ့ နားထင်ကိုထိမှန်သွားသည်။ ပြင်းထန်လှသော လက်သီးပင်။ ထွန်းထွန်းအောင် မျက်လုံးထဲမှ မီးပွင့်သလိုဖြစ်သွားပြီး လဲကျသွားစဉ် ထိုလူက လည်ပင်းကို ဖိနောင့်နဲ့ ပေါက်ချရန် ပြင်လိုက်သည်။ “အကို…” နန်းမြတ်သီရိရဲ့ စိုးရိမ်ကြီးလိုက်စွာဖြင့် အော်လိုက်သံကို သူကြားရသည်။
ရဲအုပ်နေဇော် ဆိုင်ကယ်ကို အိမ်ထဲသို့ အရှိန်ပြင်းစွာ မောင်းဝင်လိုက်ပြီး ဒေါက်ပင်မထောက်နိုင် ပစ်ချထားလိုက်ပြီး အိမ်ထဲကိုဝင်လိုက်တော့ အခြေအနေတော်တော်ဆိုးနေပြိ။ အောက်မှာ လဲကျနေသူက လက်ဝှေ့သမားထွန်းထွန်းအောင် ဘယ်လိုက ဘယ်လိုရောက်နေသလဲ… နေဇော် စဉ်းစားချိန်မရ လူသတ်သမားက အဆုံးသတ်ရန် ပြင်နေပြီ။ “ကိုဝေထွန်း…ရပ်လိုက်ပါ…” ထိုလူကဖြည်းညှင်းစွာ နေဇော်ဘက်ကို လှည့်လာသည်။ မျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။ “ဟင်းဟင်း…ခင်ဗျားကကျုပ်မှန်းသိမှကိုး… ဒီတော့ အားလုံးကိုသတ်ပစ်ရတာပေါ့” နေဇော်ဘက်လှည့်လာသည်။ ရဲသင်တန်းကျောင်းမှာ ကတည်းက ဝေထွန်းသတင်းကို သိသည်။ တိုက်ရည်ခိုက်ရည် အရမ်းကောင်းသည်တဲ့။ ယခုအချိန်မှ ပိုဆိုးသည် ဝေထွန်းကား စိတ္တဇလူသတ်သမားတစ်ယောက်မို့ ပြင်းထန်စွာ တိုက်ခိုက်သည်။ သူလည်း အလူးအလဲပင်.. နိုင်ဖို့မလွယ်ကူ.။ မြို့နယ်မှူးတို့အဖွဲ့ကလည်း ရောက်မလာသေး။ စိုးရိမ်စိတ်တွေများနေသော နေဇော်တစ်ယောက် နံကြားကို ပြင်းထန်သော ကန်ချက်ကို ခံလိုက်ရသည်။ ဝေထွန်းက သည်းကြီးမဲကြီးပင် လဲသွားသော နေဇော်ကိုပစ်ကန်လိုက်သည်။ “ဖျောက်…အား” နံရိုးကျိုးသံထွက်ပေါ်လာပြီး.. နေဇော်တစ်ယောက် မလှုပ်နိုင်တော့.။ ဝေထွန်းက အခန်းထောင့်ဖက်ပြန်လာပြီး ကြောက်ရွံ့နေသော နန်းမြတ်သီရိ၏ ဆံပင်များကို…ဆွဲဆုပ်ကိုင်ပြီး ဒရွက်တိုက်ဆွဲခေါ်လာသည်။
ထိုအချိန်မှာပဲ… အခန်းတံခါးပွင့်လာပြီး… နန်းမြတ်သီရိရဲ့ အဖွားထွက်လာသည်။ “မြေး..” စိုးရိမ်တစ်ကြိးဖြင့်ပြေးလာသော အဖွားကြီးရဲ့ရင်ဝကို ဆောင့်ကန်လိုက်သည်။ အင့်ခနဲ့ အသံနှင့်အတူ အဖွားကြီးကား ပုံရက်သားလဲကျသွားသည်။ “မလုပ်ပါနဲ့ရှင်..မလုပ်ပါနဲ့..” နန်းမြတ်သီရိ၏သနားစဖွယ် တောင်းပန်တိုးရှိုးသော အသံများထွက်ပေါ်လာသည်။ ထွန်းထွန်းအောင်ကား ကြမ်းပြင်ပေါ်လဲကျနေရာမှ အားယူကာထရပ်လိုက်သည်။ “ညီမလေး…” အသံကုန်ခြစ်အော်ရင်း နန်းမြတ်ကိုသတ်ရန် ပြင်နေသော ဝေထွန်းဆီတစ်ရှိန်ထိုး ပြေးသွားပြီး ကျောကို အားကုန်ပစ်ကန်လိုက်သည်။ ဖုန်းခနဲ အသံနှင့်အတူ ဝေထွန်းကား မှောက်ခုံကျသွားသည်။ သို့သော် ချက်ချင်းပြန်ထလာသည်။ ထွန်းထွန်းအောင်ကလည်း သူ၏ဘဝမှာ အကောင်းဆုံးလက်ဝှေ့ပွဲတစ်ရပ်ကို ဆင်နွဲနေရသည်။ ဘေးနားမှာလဲကျနေသော နေဇော်နှင့် နန်းမြတ်သီရိ၊ သူမ၏အဖွားတို့မှာ နာမည်ကြီးစဉ်က ရုံဝင်ကြေးမြောက်မြားစွာ ပေးရသော ထွန်းထွန်းအောင်၏ ရေကုန်ရေခန်း သေသေကျေကျေ ယှဉ်ပြိုင်ပွဲကိုကြည့်ရှုနေရသည်။ ထွန်းထွန်းအောင်ရဲ့လက်သီးချက်များက ဝေထွန်းမျက်နှာကို တရစပ်ထိမှန်သလို ဝေထွန်းမျက်နှာလဲ သွေးတွေရဲနေပြီ။ သို့သော် ဝေထွန်းရဲ့တိုက်ခိုက်ချက်ကြောင့် ထွန်းထွန်းအောင် နံရိုးကို ကန်ခံလိုက်ရသည်။ နံရိုးကျိုးသံကိုပင် ကြားလိုက်ရသည်။ ယိုင်နဲ့သွားသော ထွန်းထွန်းအောင် ခြေထောက်ကို ဝေထွန်းက ဖိနောင့်နှင့် ဆောင့်ပေါက်လိုက်သည်။ “အား..” ထွန်းထွန်းအောင်ရဲ့ နာကျင်စွာအော်ဟစ်လိုက်သံက ပျံလွင့်သွားသည်။ ဝေထွန်းက တဟားဟား အော်ဟစ်ရင်း သူရပ်နေသော ဘေးနားမှ နံရံမှ ရေတင်သည့် သံပိုက်လုံးကိုလက်ဖြင့် ဆွဲပစ်လိုက်သည်။
ဖြောင်းခနဲအသံနှင့် သံပိုက်လုံးက ကျွတ်ထွက်လာသည်။ စိတ္တဇဖြစ်နေသူပီပီ အားပါမှန်းသိသာသည်။ တဟားဟား အော်ဟစ်နေပြီး…. သွေးတွေစီးကျနေသည့် ဝေထွန်းမျက်နှာကြီးက ကြောက်စရာအရမ်းကောင်းနေသည်.။ သံပိုက်လုံးကို ကြမ်းပြင်ပေါ်သို့စိုက်ချပြိး နန်းမြတ်သီရိတို့ရှိရာဘက်သို့ လျှောက်သွားချေပြီ.။ ထွန်းထွန်းအောင်ကား ဝေထွန်းခြေထောက်များကို လှမ်းဆွဲလိုက်သည်။ “သွားစမ်း..” ဝေထွန်း၏ခြေထောက်ကား သူ့မျက်ခွက်ကို ပစ်ကန်လိုက်သည်။ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်နေသော နန်းမြတ်သီရိခေါင်းပေါ်ကို သံတုတ်ကိုမြောက်ပြီးအားကုန်လွဲရိုက်ဖို့ ပြင်လိုက်သည်။ နန်းမြတ်သီရိကား မျက်လုံးကို စုံမှိတ်ထားလိုက်တော့သည်။ “ဒိုင်းဒိုင်း…” သေနတ်သံများကကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝေထွန်းရဲ့ခေါင်းကို သေနတ်ကျည်ဆံက ဖောက်ထွင်းသွားခြင်း ဖြစ်သည်။ လက်ဖြောင့်တပ်သားရဲ့ပစ်ချက်က ရှေ့မှာ သတ်ဖို့ဇောကပ်နေသော ဝေထွန်းကို တည့်တည့်မှတ်မှတ် ထိမှန်သွားသည်။ သူ့ရဲ့ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်ကို တအိအိ လဲကျသွားချိန်မှာ လက်နက်ကိုင်ရဲများက အိမ်ထဲသို့ ဝင်လာလေတော့သည်။
“ကိုနေဇော် သက်သာသွားပြီလား..” “ဟုတ်သက်သာပါတယ်…ရဲမှူး..” နေဇော်ကား ပြန်လည်ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ မြို့နယ်မှူးရဲမှူး ထွန်းငွေကား နေဇော်ကိုလာကြည့်နေတာ (၆)ရက်ရှိပြီ…။ နေဇော်ကား နံရိုးတစ်ချောင်း ကျိုးသွားသဖြင့် ခွဲစိတ်ကုသခဲ့ရသည်။ “ကိုဝေထွန်းကိုရော ဘယ်နေ့က မြေမြုပ်လိုက်သလဲ ရဲမှူး” “အင်းဗျာ…ရင်ခွဲစစ်ဆေးမှုတွေလုပ်လိုက်ပြီး လွန်ခဲ့တဲ့(၃)ရက်ကပဲ မြေမြုပ်လိုက်တာ… တကယ်တော့.. ကိုဝေထွန်းဘဝက သနားစရာပါဗျာ… သူ့အိမ်ကို ကျွန်တော်တို့သွားရှာတော့ သူ့ရဲ့ခံစားချက်လေးတွေကို ရေးထားတဲ့ ဒိုင်ယာရီလေးကိုတွေ့ခဲ့ရတယ်… တကယ်တော့ သူဟာ မေတ္တာငတ်မွတ်နေတဲ့သူ တစ်ယောက်ပါဗျာ… ငယ်ကတည်းက အမေမရှိတော့ အမေရဲ့ယုယမှုကို မခံခဲ့ရဘူး… ပြီးတော့ သူ့မိထွေးကလည်း သူ့အဖေကွယ်ရာမှာ ဖောက်ပြန် သူ့အဖေက သူ့မျက်စိရှေ့မှာတင် လူသတ်မှုကျူးလွန်ပြီး သူ့ကိုယ်သူသတ်သေတာကို ငယ်ရွယ်နုနယ်တဲ့အရွယ်မှာမြင်ခဲ့ရတော့.. သူ့ရဲ့မသိစိတ်မှာ အဲ့ဒါကကိန်းအောင်းနေတာ… အဲ့လိုဖြစ်နေတာကို သူ့ကိုယ်သူတောင် သိခဲ့ဟန်မတူရှာပါဘူး…” “အင်းပေါ့လေ..ရဲမှူးရယ်..ဘယ်တတ်နိုင်ပါ့မလဲ.. သူ့ခန္ဓာကိုယ်ထဲမှာကပ်ငြိနေတဲ့ မသိစိတ်က အဆိပ်အတောက်လေးဟာ တဖြည်းဖြည်းချင်း ကြီးထွားလာပြီး အပင်တစ်ပင်လိုပဲပေါ့…
နောက်ဆုံးတော့ သူ့ကိုဝါးမြိုသွားတော့တာ ထင်ပါရဲ့….” နေဇော်ကစိတ်မသက်မသာဖြင့် ပြောလိုက်ပြီး.. “ဒါနဲ့လက်ဝှေ့သမား ကိုထွန်းထွန်းအောင်ရဲ့ အခြေအနေရော…” “အခုအထိခွဲစိတ်ခန်းထဲမှာပဲ… သတိလစ်နေတုန်း… အသက်ဘေးကတော့ လွှတ်လာပါပြီ.. သူ့ခြေထောက်ကတော့ ပတ်တီးပြန်ဖြေလို့ လမ်းလျှောက်ရင်တောင်မှ အကောင်းအတိုင်း မဖြစ်နိုင်တော့ဘူး.. လက်ဝှေ့တော့ ပြန်ထိုးလို့ မရနိုင်တော့ဘူး..ထင်တယ်..” အင်း.သူကလည်း ကောင်မလေးကို တော်တော်သံယောဇဉ်ကြီးဟန်တူတယ်… ထွက်သွားပြီးမှ ပြန်ပြေးပြီး ကယ်လာတာ.. သူသတိလစ်သွားတဲ့ အချိန်မှာတောင် ဝေထွန်းခြေထောက်ကို လက်တွေနဲ့ လမ်းဆွဲထားသေးတာ..” နေဇော်က ရယ်ကျဲကျဲဖြင့်ပြောလိုက်သေးသည်…။ “ဒါနဲ့ရဲမှူးရေ သူ့လက်ဝှေ့ထိုးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာတောင် ဒီတစ်ခါလောက် ပြင်းပြင်းထန်ထန်ထိုးတာကို မကြည့်ခဲ့ဖူးဘူး ရဲမှူးရေ..” “ကိုနေဇော်ကတော့ တော်တော်နောက်တယ်ဗျာ… သြော် ဒါနဲ့ကျွန်တော်ပြန်လိုက်ဦးမယ်..
ဆရာဝန်ကြီးက ခင်ဗျားဒီနေ့ဆင်းလို့ရပြီတဲ့.. ခင်ဗျားအတွက် အကောင်းဆုံး လက်ဆောင်တစ်ခုထားခဲ့တယ် ကိုနေဇော်ရေ…. ကြည့်လိုက်ပါဦး… အခန်းပေါက်ကို…” ရဲမှူးကပြုံးစိစိဖြင့် နေဇော်ကိုပြောရင်း အခန်းပြင်သို့ထွက်သွားတော့သည်။ “ဟင်…သဇင်..” သူ့ရဲ့ချစ်လှစွာသော ချစ်ဇနီးလေးသဇင်။ သဇင်က သူ့ကိုပြေးဖက်လိုက်ပြီး. “မောင်…သိပ်ရက်စက်တာပဲ..ဒီလိုဖြစ်နေတာကို သဇင်ကို မပြောဘူး” “မဟုတ်ပါဘူး…သဇင်ရယ်…. သဇင်စိတ်ပူနေမှာစိုးလို့ပါ” သဇင်ရဲ့ပါးလေးကိုနမ်းပြီး သူချော့လိုက်သည်။ “ဟွန်းနော်..သွားပါ… မောင့်တပည့် မောင်မြိုင်ဖုန်းဆက်ပြီး. ပြောလို့ ခွင့်ယူပြီးလာခဲ့တာ.. ” “မောင်မြိုင်..ဒီကောင်ကတော့ကွာ..တော်တော်အလိုက်သိ..ဟင်း” နံရိုးကျိုးသာကလည်းသက်သာသွားချိန်တွင် သဇင်ကလည်း ရောက်လာသည်။ မထိတွေ့ရတာကြာသော သဇင်၏ အထိအတွေ့များက သူ့စိတ်ကိုနိုးကြွလာစေသည်။ အိမ်ရောက်မှကို အတိုးချပြီး..ဟင်းဟင်း။ နေဇော်စိတ်ထဲမှ ကြုံဝါးလိုက်သည်။
အချိန်ကားနေ့လည် (၁၁)နာရီခန့်သာရှိသေးသည်။ နေဇော်ရဲ့ အိမ်မှာဖြစ်သည်။ ကုတင်ပေါ်တွင် နေဇော်ကား သဇင်ရဲ့ဘော်လီကို ဖြုတ်နေသည်။ “အို…မောင်ရယ်…နေ့ခင်းကြီးကွာ…ရှက်စရာကြီး..” “ရှက်မနေပါနဲ့…သဇင်ရယ်…မချစ်ရတာကြာပြီ…” “အိုအို..” သဇင်ကား တအိုအိုနှင့် အသံထွက်နေသော်လည်း.. သူမဘော်လီကိုကူဖြုတ်ပေးနေသည်။ နောက်ဆုံးတွင်ကား ချစ်လှစွာသော ချစ်စနီးလေးသဇင်၏ နို့သီးလေးများ ထောင်ထနေသော ပေါက်စီသာသာ ဖြူဝင်းမွတ်နေသည့် နို့နှစ်လုံးကြားတွင် နေဇော်ကား မျက်နှာအပ်ပြီး တပြွတ်ပြွတ်စို့နေသည်။ နေဇော်လက်များကလည်း သဇင်ရဲ့ ပေါင်ကြားတွေကို နှိုက်ပြီး သူမရဲ့ရွှေကြုတ်လေးကို ပွတ်နေပါတယ်။ နှုတ်ခမ်းချင်းကလည်း တေ့ပြီးလျှာချင်းဖလှယ်နေပါတယ်။ သဇင်လက်ကလည်း နေဇော်ရဲ့ဒုတ်ကြီးကို ဆွနေပါတယ်။ “မောင့်..ဟာကြိးအရင်ကထက်ပို ကြီးနေသလိုပဲကွာ .. ခ်ခ်…” “ကိုင်း လာထား…” “အို…” သဇင်ကားအိုခနဲဖြစ်သွားသည်… သဇင်ရဲ့ခြေထောက်တွေကို ပုခုံးပေါ် ထမ်းတင်လိုက်ပြီး.. သူ့ရဲ့ဒုတ်ကြီးကို သဇင်ရဲ့ရွှေကြုတ်လေးထဲကို ထည့်ပြီး တဖောင်းဖောင်းဆောင့်တော့သည်.. “အိုးအိုးအင်းအင်း” သဇင်ကလည်း နှုတ်ခမ်းလေးကိုပြတ်လုမတတ် ကိုက်ထားပြီး… လက်များက မွေ့ယာတွေကို ဆွဲဆုပ်ရင်း အောက်မှ ပြန်ပြန်ပင့်နေပါတော့တယ်။ ထိုအချိန်မှာ သူ့ဗိုလ်ကြီး နေဇော်ဆေးရုံက ဆင်းလာလို့ သတင်းလာမေးတဲ့ တပ်သားလေး မောင်မြိုင်ကတော့ အိမ်ထဲက တဖွတ်ဖွတ် တဘွတ်ဘွတ်နဲ့ ဆရာကတော်နဲ့ဆရာသမားရဲ့ အချစ်နာလံထမှုကိုကြားပြီး ပြုံးစိစိ ကုတ်ချောင်းချာင်းနဲ့ အိမ်ဝင်းထဲကနေ ခြေဖော့နင်းလို့ လစ်သွားတာကို သူတို့နှစ်ယောက်လုံး မသိလိုက်ကြပါဘူး။
သူသတိရလာလာခြင်း မြင်လိုက်ရတာကတော့ မျက်နှာကျက်ဖြူဖြူတွေကိုပင်… သူဆေးရုံ ရောက်နေတာပါလား…။ “ခင်ဗျား..သတိရလာပြီလားကိုထွန်းထွန်းအောင်..” ဆရာဝန်တစ်ယောက်ရဲ့မျက်နှာကိုမြင်ရသည်။ ဆေးရုံအုပ်ကြီးဖြစ်ဟန်တူသည်။ “ခင်ဗျားသတိလစ်နေတာ(၁၀)ရက်လောက်ရှိပြီ.. ကိုထွန်းထွန်းအောင်.. ဒါကြောင့်မို့…” “သြော်…” “ဟိုက ခင်ဗျားကောင်မလေးကတော့ နေ့ရော ညရော… ခင်ဗျားကိုစိတ်ပူစွာနဲ့ စောင့်ကြည့်နေတာ.. သူ့ခင်ဗျာ ကောင်းကောင်းတောင် မအိပ်ရှာဘူး.. ခင်ဗျားကို တော်တော်ချစ်ပုံပဲ” သူ့ဘေးနားက လူနာစောင့်ခုံမှာ နန်းမြတ်သီရိကား ခေါင်းလေးတင်ပြီး အိပ်ပျော်နေရှာသည်။ အသံများကြားတာကြောင့် နိုးသွားဟန်တူသည်။ ဆရာဝန်ကြိးက… “ကဲ ခင်ဗျားတို့စကားပြောနေကြဦး…. ကျွန်တော်တစ်ခြားလူနာတွေ သွားကြည့်လိုက်ဦးမယ်” ဟုပြောပြိး..အခန်းပြင်သို့ထွက်သွားတော့သည်။ “ကိုကို…..သတိရလာပြီလား…ညီမလေးစိတ်ပူလိုက်ရတာ… နောက်ဆို ကိုကိုနဲ့ညီမလေး တစ်သက်လုံးအတူနေရတော့မှာပါ..” နန်းမြတ်သီရိကဝမ်းသာစွာပြောလိုက်သည်။ ထွန်းထွန်းအောင် တော့ဝမ်းမသာနိုင်။ နန်းမြတ်လို ဖြူစင်သန့်ရှင်းသောသူလေးကို သူ့လို ညစ်ထေးနေသည့် ဘဝထဲဝင်လာဖို့သူခွင့်မပြုနိုင်။ သူ့မျက်နှာကို ချက်ချင်းပြင်လိုက်ပြီး.. “မင်းဘာတွေပြောနေတာလဲ… နန်းမြတ်…” “ရှင်…” နန်းမြတ်သီရိက သူ့ကိုအံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ “မင်းလို…မနူးမနပ်ကောင်မလေးကို ငါက ယူစရာလား… မင်းကို ငါကအသုံးချချင်လို့ ချစ်ဟန်ဆောင်ခဲ့တာကွ.. စိတ်ကူးယဉ်မနေနဲ့.. မင်းငါ့ရှေ့က ထွက်သွားတာကောင်းလိမ့်မယ်…” သူ့ရင်ထဲမှာလည်း အရမ်းကိုနာကျင်နေပါတယ်။
ဒီစကားကို ပြောလိုက်ရတဲ့အတွက်။ “ရက်စက်လိုက်တာ ကိုကိုရယ်….” နန်းမြတ်သီရိရဲ့ မျက်လုံးဝိုင်းကြီးတွေထဲက မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်။ ဝမ်းနည်းမှုကြောင့် သူမကိုယ်လေး တစ်သိမ့်သိမ့်တုန်နေပြိး ရှက်တာရော ဝမ်းနည်းတာရောပေါင်းစပ်ကာ မျက်နှာကို လက်နဲ့အုပ်ပြီး အခန်းပြင်ဖက်ကို ပြေးထွက်သွားပါတော့တယ်…။ သူမ အခုလိုပြေးထွက်သွားတာကပဲ ထွန်းထွန်းအောင်အတွက် သက်သာစေပါတယ်။ သူ့ရဲ့မျက်လုံးတွေကို ပြန်မှိတ်လိုက်ပေမဲ့ သူ့မျက်စိထဲက မျက်ရည်တွေက ပါးပြင်ပေါ်ကို ကျဆင်းလာပါတယ်။ “ခွင့်လွှတ်ပါ ညီမလေးရယ်” မျက်နှာကိုလက်ဝါးဖြင့်အုပ်ပြီး ထွက်ပြေးလာသော နန်းမြတ်သီရိကား ဆေးရုံကော်ရစ်ဒါတွင် လမ်းလျှောက်လာသော လူနှစ်ယောက်ကို တိုက်မိသည်။ “ဘယ်လိုဖြစ်တာလဲ…ဆရာမရေ…” “ဟင်..နန်းမြတ်…” ဇနီးဖြစ်သူသဇင်မှ ခေါ်လိုက်သဖြင့်နေဇော်က… “သဇင်နဲ့,ဆရာမနန်းမြတ်ကသိလို့လား..” သဇင်ကပြုံးလိုက်ပြီး…. “သူငယ်ချင်းတွေမောင်ရဲ့… ဆရာဖြစ်သင်တန်းမှာခင်ခဲ့တာ..” “သြော်…ဒါနဲ့ကိုထွန်းထွန်းအောင်ရော သက်သာသွားပြီလား..” ဆရာမကိုဝမ်းသာစကားပြောမလို့လာတာ နေဇော်က ဆက်ပြောလိုက်သည်.. “ကိုထွန်းထွန်းအောင်ကို လိမ်လည်မှုနဲ့ အမှုဖွင့်ထားတဲ့သူက ကျေအေးပေးလိုက်လို့တဲ့… အဲ့ဒါသူ.. ဝရမ်းပြေးဘဝက လွှတ်သွားတာပေါ့.. ဒါနဲ့ ဆရာမက ဘာဖြစ်လာတာလဲ..” “သူသိပ်ရက်စက်တယ်..ဗိုလ်ကြီးရယ်..” အဖြစ်အပျက်များကို သူမရှင်းပြလိုက်သည်။ နေဇော် နည်းနည်းဒေါသထွက်သွားသည်။
သဇင်က ပြုံးလို့နားထောင်နေရင်း။ “သူငယ်ချင်း နင်အဲ့တိုင်းထင်လို့လား.. ယောင်္ကျားလာခဲ့… ကျွန်မပြောပြမယ်..” သဇင်က နေဇော်နားသို့ ကပ်ပြောလိုက်သည်။ နေဇော်ကား ပြုံးစိစိဖြစ်သွားသည်။ နန်းမြတ်သီရိလက်ကိုဆွဲပြီး ထွန်းထွန်းအောင် အခန်းဘက်သို့ သဇင်ကခေါ်သွားသည်။ နန်းမြတ်သီရိကား ဘာကိုမှနားမလည်။ အခန်းပြင်တွင် သဇင်က နန်းမြတ်သီရိလက်ကိုဆွဲပြီး အခန်းတံခါးနှင့်ကွယ်လိုက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထွန်းထွန်းအောင်ကား ကုတင်ပေါ်တွင် မျက်လုံးများကိုမှေးမှိတ်ထားရာမှ ခြေသံကြားသဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ “ရဲအုပ်နေဇော်…” “ကိုထွန်းထွန်းအောင်ရေ..ခင်ဗျားစကီလေးနဲ့ ကျုပ်တွေ့ခဲ့တယ်ဗျ…. ဒီလိုမနူးမနပ် ကောင်မလေးတွေက ဒီလိုပြောမှတန်တာ… ကိုယ့်လူရေ… အလကားကောင်မလေးတွေပါဗျာ..” “ဘာ…” ထွန်းထွန်းအောင်က ကုန်းရုန်းထလိုက်သည်.. ခြေထောက်ကကျောက်ပတ်တီးစီးထားသဖြင့် လှုပ်မရ… “ခင်ဗျား..ထွက်သွား…ခင်ဗျားကိုကျုပ်သတ်မိမယ်..”
“ဟောဗျာ.. ဘယ်လိုဖြစ်တာလဲ… ဒီလိုကလေကချေ ကောင်မလေးအတွက် ခံစားမနေစမ်းပါနဲ့ဗျာ…” “ခွေးကောင်…မင်းထွက်သွား… ငါသူ့ကို ချစ်လွန်းလို့.. ငါ့ရဲ့ဘဝဆိုးထဲဝင်လာမှာစိုးလို့ကွ.” ထွန်းထွန်းအောင်ကား ဒေါသထွက်ထွက်နှင့် စားပွဲပေါ်က စတီးခွက်နှင့်ပစ်ပေါက်လိုက်သည်.. နေဇော်ကား အသာအယာရှောင်ပြီးထွက်သွားသည်။ နေဇော်ထွက်သွားသော်လည်း ထွန်းထွန်းအောင်ကား ဒေါသကမပြေသေး၊ လက်သီးတွေဆုပ်ထားပြီး မျက်လုံးကို မှိတ်ထားသည်။ ခြေသံလိုလို ကြားရသည်။ သူ့နှာခေါင်းတွင် အနံ့တစ်မျိုးရသည်။ ကိုယ်သင်းနံ့ဟုတ်တယ်… သနပ်ခါးနံ့လေးပါရနေသည်..။ သူ့နဖူးကို နမ်းလိုက်တာကိုသူခံစားရသည်။ နူးညံစွာ သူ့ကိုပွေ့ဖက်လိုက်သော ကိုယ်ခန္ဓာအထိအတွေ့ကို ရသည်။ ဆံနွယ်လေးတွေရဲ့ရနံ့ကိုရသည်။ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်..။ သူ့ကို သနားကြင်နာစွာ ကြည့်နေသော မျက်လုံးတစ်စုံ… နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးများက ပွင့်အာလာပြီး သူ့ပါးနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သံလေးကို ကြားလိုက်ရသည်။ “အို..ကိုကိုရယ်…ညီမလေးနားက ဘယ်ကိုမှ ထွက်မသွားပါနဲ့တော့နော်….” ပြီး