
ဘဝတွေ ခါးသီးလွန်းလို့ သေတာမှ ကောင်းသေးတယ် တဲ့လား ကျွန်မ အသိနောက်ကျခဲ့ပြန်ပီ။ မနေ့က ” စုံညီပွဲတော်မှာ က,ချင်လို့ သူသား ရထားတဲ့ ပညာရေးထောက်ပံ့ကြေးငွေ ၂သောင်းကျပ်ကို သူ့ဆေးဖိုးအတွက် မသုံးတော့ပါဘူး။
ရှမ်းဝတ်စုံလေး တစ်စုံ ဝယ်ပေးပါ” ဆိုပြီး ၄မိုင်လောက် ဝေးတဲ့ကျောင်းကို တုတ်ကောက်နဲ့ သမီးပေါက်စ အားပြုပီး ခြေတဖက် တရွတ်ဆွဲ လာသတဲ့။ သူ့နာမည်က ဦးလူပါ။ လွန်ခဲ့တဲ့ လေးနှစ်ခန့်က ဝမ်းရေးအတွက် ဆောင်းညမှာ ငှက်ပစ်ထွက်ရင်း တောထဲမှာ လေဖြတ်ပီး မေ့မြောသွားရာကနေ ကိုယ်တစ်ခြမ်း မကောင်းတော့တာလို့ ပြောပါတယ်။ သားသမီး ငါးယောက်ရှိပြီး ၁၂နှစ်အရွယ်ခန့် အကြီးဆုံးသမီးလေးက လုပ်ကျွေးနေရတယ်။ တစ်နေ့ ဝင်ငွေ ၂၀၀၀/ ၂၅၀၀/၃၀၀၀ ကျပ်ခန့် ရရှိပါတယ်တဲ့။
သူ့အမျိုးသမီးက သူ လေဖြတ်စဉ်ထဲက သူ့တို့ကို ပစ်ထားခဲ့တယ်လို့ ပြောပါတယ်။ အငယ်ဆုံး ကလေးလေးက ၅နှစ်ကျော်ပီ ပြောပါတယ်။ ကျွန်မကျောင်းမှာ ကျောင်းတက်နေတဲ့ စိုင်းဆွေ နဲ့ နန်းမွန်းလောင်ဝ်က တတိယမြောက် သားနဲ့ စတုတ္ထမြောက် သမီးပါ။ စိုင်းဆွေထက်က အကိုကတော့ ထမင်းဟင်းချက်ကျွေးရတယ်လို့ ပြောပါတယ်။
ညတွေ မနက်တွေဆို သူ့ခြေထောက်တွေ လက်တွေ အရမ်းအေးပီး ကိုက်တယ်တဲ့။ ကျွန်မ ဟန်မဆောင်နိုင်အောင် မျက်ရည် ကျမိပါတယ်။ ကျွန်မတောင် ဆေးဝါးအစုံသုံးပါရဲ့နဲ့ ရာသီဥတု အေးလာရင် တဆစ်ဆစ် ကိုက်လို့ ငိုနေရတာ။ သူ့ခမြာ ဘယ်လောက်ထိ ခံစား နေကျဉ်နေရပါလိမ့်။ အစားအသောက်ဆိုလည်း သူ့သမီးကြီး ဝင်ငွေ မရှိရင် ထမင်းမစားလိုက်ရတဲ့ ရက်တွေတောင် ရှိပါသေးတယ် တဲ့။ ဒီနေ့ ကျွန်မ ဆီ၊ဆား၊အချိုမှုန့်၊ဆပ်ပြာဘူးနဲ့ ကိတ်မုန့်ဘူးတစ်ချို့ သွားလှူခဲ့ပါတယ်။
သူပြောတဲ့ စကားအားလုံးကို ကျွန်မ နားမလည်ပေမဲ့ သူ ပျော်နေတာ သူ့မျက်နှာပေါ်က အပြုံးတွေ မြင်ရုံနဲ့ ကျေနပ်မိပါတယ်။ အိင်္ကျီဝယ်ဖို့ ကြိုးစားပေးမှာမို့ ဒီရထားတဲ့ ပိုက်ဆံကို ဆေးဖိုး ရဲရဲဝံ့ဝံ့ သုံးလိုက်ပါလို့ ပြောခဲ့ပါတယ်။ အိမ်လေးကလည်း ဝါးထရံယက်ပီး ကာထားတဲ့ မြေစိုက်အိမ်လေးမို့ ညဆို အရမ်းအေးပါတယ်တဲ့။
စောင်ကတော့ သားသမီးတွေနဲ့ အတူတူ တွဲအိပ်ခြုံရတယ်လို့ ပြောပါတယ်။ ဘဝတွေ ခါးလွန်းလို့ စိတ်ဆင်းရဲပီး သေချင်နေပေမဲ့ သားသမီးတွေကြောင့် အားတင်းနေရပါတယ်တဲ့။ ။ မိဘဆိုတာ သားသမီးအတွက် ကိုယ့်အသက်တောင် ပေးဆပ်ချင်ကြသူတွေမဟုတ်ပါလား. .။ ကျွန်မ မိတ်ဆွေ သူငယ်ချင်းများ အနေနဲ့လည်း အဆင်ပြေရင် ကျွန်မကို လှူဒါန်းပေးကြပါအုံးရှင့်. . . . .။ ဖုန်းဘေလ်အနေနဲ့ လှူမယ်ဆိုရင်လည်း ကျွန်မပြန်ရောင်းလို့ရအောင် ကြိုးစားပါ့မယ်။ ဓာတ်ပုံကို ကျွန်မ ခွင့်တောင်းပီး ရိုက်ထားတာ ဖြစ်ပါတယ်ရှင့်. . . .